မတူပီမြို့ကနေ ရန်ကုန်ကို ခရီးထွက်လာတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦးကိုမကွေးတိုင်း၊ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ မတူပီဒေသခံတွေက DNA ကိုပြောပါတယ်။
ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အဲ့ဒီလူငယ်ကို သရက်တောသစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
“သူ့ဖုန်းကိုစစ်ပြီးဖမ်းတာ၊ ခုလူတွေ့ လို့မရဘူး ဖြစ်နေတယ်၊တွေ့ခွင့်လည်းမပြုဘူး”လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက DNAကိုပြောပါတယ်။
အဖမ်းဆီးခံရသူဟာ မတူပီမြို့နယ် ၀လံတဲ ကျေး ရွာက အသက်နှစ်ဆယ်ကျော်အရွယ် မောင်ဇိုဘွေးဖြစ်တယ်လို့သိရပါတယ်။
“သူက CDF တွေထဲလည်းမပါဘူး၊ဒီတိုင်းအရပ်သားပဲ” လို့ မတူပီဒေသခံတဦးကပြောပါတယ်။
သရက်တောဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခ ရီးသွားပြည်သူတွေအပါအဝင် ဂိတ်ကိုဖြတ်သန်းလာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိပြီး အရင်ကလည်းအဲ့ဒီဂိတ်မှာ မတူပီဒေသခံတချို့ဖမ်းဆီးခံခဲ့ရဖူးပါတယ်။