မဲစာရင်းကောက်သူတွေက ရွေးကောက်ပွဲမှာ မ ဖြစ်မနေမဲပေးဖို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိနေ

စစ်​ကောင်စီရွေးကောက်ပွဲအတွက်လို့ဆိုကာ နိုင်ငံ တဝန်း လူဦးရေစာရင်းတွေ လိုက်ကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ရွေးကောက် ပွဲမှာ မဖြစ်မနေ မဲပေးဖို့ ခြိမ်းခြောက်ပြောဆိုတာ တွေလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံသူတချို့က DNA ကိုပြောပါတယ်။

လူဦးရေစာရင်းလာကောက်တဲ့ စစ်ကောင်စီ လက် အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်တပ် ထောက်ခံသူတွေက အဲ့ဒီလိုခြိမ်းခြောက် ပြောဆိုဖိ အားပေးခဲ့တာဖြစ်တယ်လို့ ကျိုက်ထိုမြို့နယ် မုက္ခမူ ကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်ရင်းနဲ့ရွေးကောက်ပွဲမဲပေးရမယ်၊မဲမပေးဘူးဆိုရရင်မကောင်းဘူး၊မိသားစုတွေဒုက္ခရောက်ကုန်မယ်ပေါ့၊စစ်ကောင်စီသတင်းပေးနဲ့ကြံခိုင်ရေးကသူတွေခြိမ်းခြောက်ပြောသွားတယ်”လို့သူကပြောပါတယ်။

ကျိုက်ထိုမြို့ကဇေယာမွန်၊ကော့စံနိုင်နဲ့ ကံကော် စတဲ့မြို့တွင်းရပ်ကွက်တွေအပြင်ကင်းမွန်ချောင်း၊တောင်ကလေး၊ဆောင်နိုင်ကြီးနဲ့ကျိုက်ထီးရိုးဘုရားတောင်ပေါ်၊ရသေ့တောင်ကနေရာတွေကိုစစ်ကောင်စီတပ်၊အုပ်ချုပ်ရေးအဖွဲ့နဲ့ပညာရေးဝန်ထမ်းတွေက ဇန်နဝါရီ (၉)ရက်နဲ့ ဒီကနေ့ ဇန်နဝါရီ(၁၀) ရက်တို့မှာ လူဦးရေစာရင်းတွေကောက်ယူခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်သိမ်ဇရပ်မြို့ကမြို့တွင်းရပ်ကွက်တွေနဲ့ ကော့ထင်း ၊ ဘိုရားကြီး ၊ မုက္ခမူ ၊ မလော့ချောင် စတဲ့ကျေးရွာတွေကိုလည်းမနေ့က အလားတူ စာ ရင်းတွေ လိုက်ကောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလိုစာရင်းကောက်ယူရာမှာနေအိမ်အတွင်းလက်ရှိနေထိုင်သူတွေအပါအဝင် နေအိမ်မှာရှိမနေသူတွေ၊ ပြည်ပထွက်အလုပ်လုပ်နေသူတွေရဲ့အကြောင်းတွေကိုလည်းစစ်ကောင်စီတပ်ဖွဲ့ကစုံစမ်းမေးမြန်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက အခုနှစ်အတွင်း ကျင်းပမယ့်ရွေး ကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ဖို့တော်လှန်ရေး အင်အားစုတွေကတိုက်တွန်းထားပေမယ့် ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားဖို့ အလိုရှိ နေတဲ့ စစ်ကောင်စီကတော့ အဲ့ဒီဥပဒေအရ ဒီနှစ် ထဲမှာ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ဖို့လိုအပ်နေပါ တယ်။

၂၀၀၈ အခြေ ခံဥပဒေပြဌာန်းချက်တွေအရ လာ မယ့် ဖေဖော်ဝါရီ(၁)ရက်မှာ စစ်တပ်ကို အာဏာ သုံးရပ်လွှဲအပ်ထားခွင့်ရှိတဲ့အရေးပေါ်ကာလသက်တမ်းနှစ်နှစ်ကုန်ဆုံးမှာဖြစ်ပါတယ်။အရေးပေါ်ကာလသက်တမ်းကုန်တာနဲ့ ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပရမယ်လို့ ၂၀၀၈ အခြေ ခံဥပ ဒေမှာပြဌာန်းထားတာပါ။

လက်ရှိ ဇန်နဝါရီ (၉)ရက်ကစလို့ နိုင်ငံတဝန်း ကောက်ယူနေတဲ့ လူဦးရေစာရင်းဟာ ရွေး ကောက် ပွဲအတွက်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ ဒီလိုစာရင်း ကောက်ယူတာကနေတဆင့် CDM လုပ်ထား သူ တွေ၊မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးနိုင်ဖို့ အချက်အလက်တွေ စစ် ကောင်စီဘက်ကရသွားနိုင်တယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ရန်ကုန်ကမြို့နယ်တချို့မှာတော့ ရွေး ကောက် ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ တအိမ် တက် ဆင်း လိုက်လံကောက်ခံရာမှာ NLDပါတီဝင်ဟောင်း တချို့ကလည်း ပါဝင်ကောက်ခံပေးနေတယ်လို့ ရန် ကုန် မြို့ခံတချို့က DNAကိုပြောပါတယ်။

“ဆယ်အိမ်၊ရာအိမ်၊မီးသတ်နဲ့ ဟိုတစ်ချိန်တုန်းက NLDမှာ တက်တက်ကြွကြွလုပ်ခဲ့တဲ့သူတွေလည်း ပါတယ်၊အဲ့ဒီစာရင်းပြုစုတဲ့ထဲမှာပါတယ်၊၂၀၁၅၊၂၀၂၀မှာ NLDမှာ တက်တက်ကြွလုပ်ခဲ့တဲ့ ပင်နီဝတ် တွေလည်း ပါတယ်”လို့ အလုံမြို့နယ်၊ စောရန်ပိုင်အ နောက်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့က တချို့မြို့နယ်တွေမှာ အိမ်ထောင် စုစာရင်းတွေကို ဇန်နဝါရီ (၇)ရက် က တည်းကစတင်ကောက်ခံနေတာဖြစ်ပြီး လသာ၊ မြောက်ဒဂုံ၊ရွှေပြည်သာ၊စမ်းချောင်း ၊မရမ်းကုန်း စတဲ့မြို့နယ်တွေမှာတော့ ဒီကနေ့ဇန်နဝါရီ (၁၀) ရက်မှာ ကောက်ယူခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလိုစာရင်း ကောက်ခံရာမှာ စစ်ကောင်စီရဲ့ ထောက်တိုင်အုပ်ချုပ်ရေးမှူးတွေ၊ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကွက်အလိုက် ဆယ်အိမ်မှူး၊ရာအိမ်မှူး တွေ အပြင် လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြီး အိမ် ထောင်စုစာရင်းမှာ အမည်စာရင်းပါ ပြီး မြေပြင်မှာ လူမရှိနေရင် တိကျခိုင်လုံတဲ့အ ကြောင်း ပြချက် ပေးရတယ်လို့ကိုယ်တိုင်ကြုံရသူ တွေကပြောပါတယ်။

“လိုက်ကောက်တဲ့နေရာမှာ အိမ်ထောင်စာရင်းထဲ မိ သားစုဝင်တစ်ယောက်ပျောက်နေတယ်ဆိုရင် ဘာ ကြောင့်ပျောက်နေလဲဆိုတာကို သူတို့ကမေး တယ်၊ ခိုင်ခိုင်လုံလုံပြောပြ၊ရှင်းပြရတယ်၊ကျွန်တော်တို့အလုံမြို့နယ်မှာတော့ ရပ်ကွက်တော်တော်များများကို ကောက်ပြီးသွားပြီ”လို့အလုံမြို့နယ်၊စောရန်ပိုင်အရှေ့ရပ်ကွက်နေသူကပြောပါတယ်။

ဒါ့အပြင် အိမ်ထောင်စုစာရင်းကောက်ခံမှုတွေမှာ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ကျူး ကျော်နေအိမ်တွေကို စာရင်းကောက်ခံရာမှာ အိမ် ထောင်စုတစုကို ငွေကျပ် တစ်ထောင်နှုန်း ကောက် ခံတာတွေရှိခဲ့တယ်လို့လည်း ရွှေပြည်သာမြို့နယ်နေ ​ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း စစ်ကောင်စီက မြို့ထဲရပ်ကွက်တွေကိုလက်နက်အပြည့်အစုံနဲ့ဝင်တဲ့အပြင် ကင်းပုန်းတွေလည်းချပြီးမှ လူဦးရေစာရင်း ကောက်တယ်လို့ မြို့ခံတွေကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြည် သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ တစ်အိမ်တက်ဆင်း လူ ဦးရေ စာရင်း ကောက်ယူတဲ့ လုပ်ငန်းစဉ်ကို ငြင်း ဆန်ပြီး မပူးပေါင်းကြဖို့ မေတ္တာရပ်ခံထားပြီး အား ပေး အားမြှောက် ဆောင်ရွက်ကြတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့‌တွေ၊ လဝက အဖွဲ့တွေနဲ့ တခြား ဘယ်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်ဒေသအလိုက်ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အဲ့ဒီစာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး အားပေးအားမြှောက်မလုပ်ကြဖို့၊တိုက်ခိုက်မှုတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက် စစ်ကောင်စီအဖွဲ့ တွေနဲ့ ဝေးဝေးနေကြဖို့ စတဲ့သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။