ပိတ်ထားတဲ့ မော်လမြိုင်လေဆိပ် အနီးတဝိုက်ကလမ်းတွေပြန်ဖွင့်ပြီး စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထား

မွန်ပြည်နယ် မော်လမြိုင်မြို့လေဆိပ်အနီးတဝိုက်ကို စစ်ကောင်စီက သွားလာခွင့်ပိတ်ထားရာကနေ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းစပြီး ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် စစ်ကူနဲ့ လက်နက်ခဲယမ်းတွေပို့ဆောင်ဖို့နဲ့ စစ်ရေးပြင်ဆင်မှုတွေလုပ်ဖို့ မော်လမြိုင်အခြေစိုက်အရှေ့တောင်တိုင်းစစ်​ဌာနချုပ်က​မော်လမြိုင်လေဆိပ်ကိုအသုံးပြုဖို့ညွှန်ကြားခဲ့တာကြောင့် လေဆိပ်အနီးတဝိုက်ကို ပိတ်ထားခဲ့တာလို့ နီးစပ်သူတွေကဆိုပါတယ်။

ဒီကနေ့မှာတော့ ၅ ရက်တာပိတ်ထားတဲ့ လေဆိပ်ကိုပြန်ဖွင့်ခဲ့ပေမယ့် လေဆိပ်အတွင်းမှာတော့လုံခြုံရေးတင်းကျပ်ထားသလို အနီးအနားမှာလည်း တင်းကျပ်စစ်ဆေးမှုတွေရှိနေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

“လမ်းကတော့ဖွင့်ထားလိုက်ပြီ၊စစ်သားတွေရဲတွေအခြေအနေကတော့ဘာမှလှုပ်လှုပ်ရှားရှားမရှိဘူး၊အပြင်ဘက်မှာမရှိဘူး၊အခြေအနေကအေးဆေးပဲ၊လူတွေလည်းသွားလာနေကြပြီ”လို့ မြို့ခံကဆိုပါတယ်။