ချင်းအမျိုးသားတပ်ဦး ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရမှု သုံးဦးထက်မနည်း သေဆုံး

ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဒေသက ချင်းအမျိုးသားတပ်ဦး (CAN/CNF) ဌာနချုပ်ကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် သုံးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ဗုံးငါးလုံး ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး မျက်မြင်တွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီရဲ့ ဖိုက်တာဂျက်လေယာဉ်ဟာ အိန္ဒိယလေပိုင်နက်ထဲ ဝင်ရောက်ပြီး CAN/CNF ဌာနချုပ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ CHRO က ဆိုပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုအတွင်း တခြားထိခိုက်ဒဏ်ရာသူတွေလည်း ထပ်ရှိနိုင်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကို DNA က ဆက်လက်စုံစမ်း မေးမြန်းနေပါတယ်။

ချင်းအမျိုးသားတပ်ဦး(CAN/CNF)ဟာ နွေဦးတော်လှန်ရေကာလအတွင်း NUG နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင် ကာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး အဲ့ဒီတပ်ဖွဲ့ဌာနချုပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယ နယ်စပ် Camp Victoria မှာရှိတာဖြစ်ပါတယ်။