မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အာဏဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အငြိုးတကြီးနဲ့ လိုက်လဲဖမ်းဆီပြီး ဖိနှိပ်မှုတွေလုပ်နေတယ်လို့ အဲဒီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မြို့ပေါ်မှာရှိတဲ့ နာမည်ကြီးပုဂ္ဂိုလိက ဆေးရုံတွေအပါအဝင် အခြားဆေးရုံတွေမှာလည်း CDM ကျန်းမာရေး ဝန်ထမ်းတွေကို သတင်းရလျှင် ရသလို ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ဆိုပါတယ်။
” အငြိုးတကြီးနဲ့ကို ဖိနှိပ်နေတဲ့ သဘောပါပဲ။ CDM တွေဘယ်ဆေးရုံမှာ မသွားရဲဘူး။ သတင်းကြားတာနဲ့ လာဖမ်းတာတွေလုပ်တယ်။ ဆေးရုံတွေကိုလည်း ဖိအားပေးထားတယ် ” လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
အလားတူပဲ မနေ့ ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းကလည်း လမ်း ၆၀ ၊ ၃၅ လမ်း နဲ့ ၃၆ လမ်းကြားမှာရှိတဲ့ ကြယ်စင်လင်းဆေးရုံကို CDM ဆရာဝန်တွေကို ဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့ရှိတဲ့အတွက် ဆေးရုံကို ပိတ်ရမယ့်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလုပ်သွားတယ်လို့ နီးစပ်သူတွေကပြောကြပါတယ်။
ဒါအပြင် စစ်အုပ်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းမှာ မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂိုလ်ကဆေးရုံတွေဖြစ်တဲ့ နန်းတော်၊မြို့တော်၊ကံ့ကော်၊စိန်ပန်း၊ ထက်နေလင်းဆေးရုံတွေကို အကြောင်းပြချက်မဲ့ ပိတ်သိမ်းဖို့ဖိအားပေးစေခိုင်းခဲ့ပါတယ်။
အဲဒီဆေးရုံတွေက CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေကို ပြန်လည် အလုပ်ခန့်နေလို့ ယခုလို့လုပ်တာလို့ ကျန်းမာရေး ဝန်ထမ်း အသိုင်းအဝိုင်းကဆိုပါတယ်။