တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

smart

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ လည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

ဒီကနေ့ရန်ကုန်မှာ ကျောင်းသားလူငယ်တွေက စာတန်းချိတ်ဆွဲပြီး ပြောက်ကြားသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆား လင်း ကြီးစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့သလို မန္တလေးပြည်ကြီးတံခွန်၊ မကွေးတိုင်း ရေစကြို၊မြိုင် ဒေသတွေမှာလည်း သပိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေး အင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိ အ ချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့် ကျင် ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။