စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကို ဆန္ဒပြမှုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ဟာ မနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ ရတနာပုံ တက္ကသိုလ်ရှေ့အပါအဝင် မန္တလေးမြို့ကနေရာတချို့မှာ အ “တပ်မတော် အလင်းဝင်ပါ”၊ “ပြည်တွင်းစစ် ချက်ချင်းရပ်” အစရှိတဲ့ စာသားတွေနဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဖမ်းဆီးပြီးတဲ့နောက်မှာ ပုဒ်မ ၅၀၅ (က)(ခ) တို့နဲ့တရားစွဲဆိုပြီး ထောင် ၇ နှစ်စီချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂတွေက ထုတ်ပြန်ထားခဲ့ပါတယ်။
မနေ့ ဇန်နဝါရီ ၄ ရက် စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်မှာတော့ သူတို့နှစ်ဦးအပါအဝင် စစ်အာဏသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဗကသကျောင်းသား ကိုဇော်ထက်နိုင်လည်း ပြန်လွတ်မြောက်လာတယ်လို့ ဗကသအဖွဲ့ချူပ်က ထုတ်ပြန်ထားပါတယ်။
ကိုဇော်ထက်နိုင်ကတော့ အာဏသိမ်းပြီးနောကိပိုင်း ၂၀၂၁ ခု၊ မတ်လမှာ စစ်အာဏသိမ်းမှုကို ဆန္ဒပြနေစဉ် မတရားဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။