၈၈ ကျောင်းသားဟောင်း ဦးညီညီကျော် အိုးဘိုထောင်က ပြန်လွတ်လာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ ကျောင်းသားဟောင်း ဦးညီညီကျော်ဟာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးညီညီကျော်ဟာ ABSDF ရဲ့ အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး စစ်အာဏသိမ်းပြီးနောက် ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရပြီး ဖမ်းဆီးထောင်ကျခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့မှာ အိုးဘိုထောင်က ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းလည်း ဖြစ်သလို လူဘောင်သစ်ပါတီက ကိုအောင်မှိုင်းဆန်း အပါအဝင် NLD ပါတီ ကျောက်ပန်းတောင်းအမတ် ဦးအေးခိုင်တို့လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန္တလေးတိုင်း အတွင်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသား ၁၃၀၀ ကျော်လောက် ပြန်လွတ်မြောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက လွတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါခဲ့တယ်လို့ သိရပါတယ်။