မတရားဖမ်းထားသူတွေကိုလွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

စစ်အာဏာရှင် အဖွဲ့အစည်းကလုပ်နေတဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့နဲ့ လူသားချင်းထောက်ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ပြုဖို့ လုပ်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထပ်ပြီးပြောဆို လိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာ အဲ့ဒီလိုဖော်ပြထားတာပါ။

စစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီးအများ ပါဝင်နိုင်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာဖို့ လိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒကိုအသိအမှတ်ပြုရမယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်လိုတဲ့ မြန်မာပြည်သူတွေရဲ့ပြင်းပြတဲ့ကတိကဝတ်ကိုတားဆီးနိုင်မှုမရှိကြောင်းနဲ့ မြန်ပြည်သူတွေနဲ့အတူ တသားတည်းကပ်တည်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြောပါတယ်။