တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ ချောင်းဦး၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဝက်လက်၊ ကနီစတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့သလို မန္တလေးပြည်ကြီးတံခွန်၊ လောင်းလုံးနဲ့ ရန်ကုန်တို့မှာလည်း သပိတ်လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်းတချို့မှာ လွတ်လပ်ရေးနေ့နဲ့ ချိတ်ဆက်ထားတဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံနဲ့ ဆောင်ပုဒ်တွေ အသုံးပြုတာ တွေ့ရသသလို လွတ်လပ်ရေးနေ့ဟောပြောပွဲ ပြုလုပ်ခဲ့တဲ့ သပိတ်စစ်ကြောင်းတချို့လည်း ရှိပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။