အောင်မင်္ဂလာကားဝင်းမှာ တရက်တည်း အမည်မသိ အလောင်းနှစ်လောင်းတွေ့

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ (အဝေးပြေး) ကားဂိတ်အတွင်း တရက် တည်း အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်းတွေ့ရလို့ နေရပ်လိပ်စာတွေ စုံစမ်းနေတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီရုပ်အလောင်းတွေကို အောင်မင်္ဂလာကားဝန်းအတွင်းက စစ်ကိုင်းလမ်းနဲ့ တနင်္သါရီလမ်းထောင့် တွေမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက်မနက်ပိုင်းက သီးခြားစီတွေ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“မနက် ရှစ်နာရီလောက်ကတွေ့တာ ဒဏ်ရာဒဏ်ချက်တော့ မရှိဘူး၊ အသတ်ခံရတဲ့ပုံစံမျိုးလည်းမဟုတ်ဘူး၊ ကိုးနာရီလောက်မှာ ပုလဲအရန်မီးသတ်တပ်ဖွဲ့က လာသယ်သွားတယ်” လို့ အောင်မင်္ဂ လာကားဝန်းမှာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေကို မြောက်ဥက္ကလာ၊ မေဓာဝီဆေးရုံ ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။