NLD ပါတီဝင် တရားလွှတ်တော် ရှေ့နေဒေါ် ရွက်နုအောင် အလုပ်နဲ့ ထောင်ဆယ့် ငါးနှစ်ချမှတ်ခံရ

မန္တလေးတိုင်း NLD ပါတီ ဥပဒေအကြံပေးအဖွဲ့ဝင် တဦးဖြစ်သလိုဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ကို အိုးဘိုထောင်တွင်း တရားရုံးက  ဒီဇင်ဘာ (၂၈)ရက် ဒီထကနေ့မှာအလုပ်နဲ့ ထောင်၁၅ နှစ်ချလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက ရှေ့နေဒေါ်ရွက်နုအောင်ဟာPDF တွေကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)နဲ့ တရားစွဲဆိုခဲ့ပြီး အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

ထောင်တွင်း တရားရုံးက ချမှတ်လိုက်တဲ့ အဲဒီအ မိန့်အပေါ် တိုင်းတရားလွှတ်တော်မှာ ပြင်ဆင်ခွင့်အ ယူခံတက်သွားမှာဖြစ်တယ်လို့ တရားလွှတ် တော် ရှေ့နေ ဒေါ်ရွက်နုအောင်အောင်နဲ့ နီးစပ်သူတွေဆီ ကသိရပါတယ်။ 

ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီက စွပ်စွဲထား တဲ့ပြစ်မှုအတွက် တရားရုံးမှာ အပြန်အလှန် စစ် ဆေးမှုတွေကို တခြားရှေ့နေမပါဘဲ ကိုယ်တိုင် ရင်ဆိုင်ချေပခဲ့တယ်လို့သိရပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဖမ်းဆီးမခံရမီအချိန်အထိ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။

အာဏာမသိမ်းမီ NLD အစိုးရလက်ထက်မှာ လူသိ များခဲ့တဲ့ ဗစ်တိုးရီးယားအမှုကိုလည်း ဒေါ်ရွက် နုအောင်က ရှေ့နေတဦးအဖြစ် လိုက်ပါဆောင် ရွက် ပေးခဲ့ဖူးပါတယ်။ 

အဲ့ဒီနောက် စစ်အာဏာသိမ်းပြီးချိန်မှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် NLD ပါတီဝင် အစိုးရအဖွဲ့ဝင်တွေရဲ့ အမှုတွေကိုလိုက်ပါဆောင် ရွက်နေချိန် အခုနှစ် ဧပြီလအတွင်းမှာ အသက် ၄၃ နှစ်အရွယ် ရှေ့နေဒေါ်ရွက်နုအောင်ကို စစ်ကောင်စီ ကထောင်တွင်းတရာရုံးကအပြန်ဖမ်းဆီးခဲ့တာပါ။

အဲ့ဒီလိုဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်ရွက် နုအောင်ကို တလနီးပါးကြာ စစ်ကြောရေးမှာ ထိန်း သိမ်းစစ်ဆေးပြီးမှ အမှုဖွင့်တရားစွဲ ပြီးအိုးဘိုအ ကျဉ်းထောင်ကိုပို့ခဲ့ပါတယ်။