ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟန်သာညိန်းကို စစ်ကောင်စီက ထောင်ငါးနှစ်ထပ်ချ

ကမာရွတ်မီဒီယာ သတင်းဌာန ပူးတွဲတည်ထောင်သူနဲ့ ထုတ်လုပ်ရေးမှူးဖြစ်တဲ့ ကိုဟန်သာညိန်းကို ဒီကနေ့ ဒီဇင်ဘာ (၂၆) ရက်မှာ အင်စိန်ထောင်တွင်းတရားရုံးက အီလက်ထရောနစ်ဥပဒေနဲ့ ထောင် ဒဏ် (၅)နှစ် ထပ်ချလိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ကိုဟန်သာညိန်းကို ရန်ကုန်မြို့၊ လှည်းတန်းမှာရှိတဲ့ ကမာရွတ်မီဒီယာရုံးခန်းမှာ၂၀၂၁ ခုနှစ် မတ်လအ တွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံခဲ့ရပြီး ၁၅ ရက်အကြာမှာ အင်းစိန်ထောင်ကို ရောက်ခဲ့ပြီးနောက် ပုဒ်မ ၅၀၅(က) နဲ့
ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ဒီကနေ့မှာ ထောင်ဒဏ် (၅) နှစ် ထပ်ချခံရလို့ စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က နှစ်စဉ်ချီးမြှင့်တဲ့ သတင်းလွတ် လပ်ခွင့်ဆုအတွက်အခုနှစ် အဆိုပြုစာရင်းအရ ကမ္ဘာတဝှမ်းက သတင်းသမား ၁၅ ဦးထဲမှာ ကိုဟန်သာညိန်းလည်း ရွေးချယ်ခံထားရပါတယ်။

ကမာရွတ်မီဒီယာရုံးခန်းမှာ ကိုဟန်သာညိန်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာ တည်ထောင်သူ အမေရိကန်နိုင်ငံသား အယ်ဒီတာချုပ် ကိုနေသန်မောင်ကိုတော့ ဇွန်လ ၁၄ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံကို ပြန်ပို့ခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမား (၁၁၅) ဦး ဖမ်းဆီးခံထားရပြီး ပြန်လွတ်လာသူတွေလည်း ရှိပေမယ့် (၅၇) ဦးထက်မနည်း ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။