အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေ သလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသ ပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။
ဒီကနေ့ခရစ္စမတ်နေ့မှာ ပြည်တွင်းမှာသာမက ကိုရီးယားနိုင်ငံမှာပါ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ် ပြုလုပ်ခဲ့သလို ပြည်တွင်းသပိတ် စစ်ကြောင်းတချို့ကလည်း ခရစ္စမတ်ပုံရိပ်နဲ့အတူ စစ် အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။
ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ ချောင်းဦး၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ဝက်လက်စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့သလို မန္တလေး ပြည်ကြီးတံခွန်နဲ့ မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း သပိတ်လှုပ်ရှားမူတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် သံဃတော်လှန်ရေး အင်အားစုတွေ ကျောင်းသားတော်လှန်ရေး အင်အားစုတွေရဲ့ သပိတ်လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော် ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။