မုံရွာမြို့အထွက် မုံရွာမန္တလေးလမ်းမကြီး စွမ်း ထက်ဆီဆိုင်နားမှာ ဘန်ကာဆောက်ပြီး ခြေကုပ် စခန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒီဇင်ဘာ(၂၄) ရက် မှာဒေသခံကာ ကွယ်ရေး တပ်ဖွဲ့တွေက လက် နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန် ကြားရေးတာဝန်ခံကDNA ကို ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ် တိုက် ခိုက်တာမှာ စစ်ကောင်စီဘက်က အကျအ ဆုံးရှိပြီး ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chindwin Attack Force ကထုတ်ပြန်ထားပါတယ်။
မုံရွာမန္တလေးလမ်းမကြီးပေါ်မှာ ပစ်ခတ်မှုဖြစ် စဉ်အ တွင်း အနီးဝန်းကျင်မှာ ပြည်သူတွေရှိမနေသလို ပြည်သူထိခိုက်မိတာမျိုးမရှိဘူးလို့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
“ နေ့လယ်ပိုင်းလောက်မှာ မြေနဲ နဲ့ မင်းရွာ ဘက်မှာ လက်နက်ကြီးပစ်သံတွေရော၊သေနတ်ပစ်သံတွေ ရောကြားရတာ၊အသံကြားတော့ပြည်သူတွေအဲ့ ဘက်ကိုအသွားအလာမလုပ်ကြဘူး၊မြို့ပေါ်ကလူတွေသိအောင်လည်းမုံရွာသတင်းမှန်ပြန်ကြားရေးက လိုင်းပေါ်တင်ပြီးသတိပေးတယ်”လို့ဒေသခံတဦးကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( Chindwin Attack Force) တပ်ရင်း -၄၊ တပ်ရင်း -၂ ၊ Area 71 Defence Force ( Monywa)၊ Special Force 11 – PDF ၊ Brave Heart Army နှင့် ဗန္ဓုလ အဖွဲ့တို့ကပါဝင်တိုက်ခိုက် ခဲ့ကြတာဖြစ်တယ်လို့ Chindwin Attack Force ရဲ့ထုတ််ပြန်ချက်အရသိရပါ တယ်။