ဒီပဲယင်းပျံကျ ကျေးရွာကို စစ်တပ်ကသုံးကြိမ်မီးရှို့လို့ တရွာလုံးနီးပါးပြာကျ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်(ပျံကျ) ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်ကတကြိမ်မီးရှို့ခဲ့သလို ၂၃ရက်နဲ့ ၂၄ ရက်မှာလည်း မီးထပ်ရှို့ခဲ့တာကြောင့် တရွာလုံးနီးပါးအိမ်ခြေတွေပြာကျခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

” နှစ်ရက်ဆက်တိုက်ရှို့တာဗျ။ ရွာကလူတွေကတော့ တခြားရွာတွေမှာနေတဲ့သူတွေလည်းရှိသလို တချို့လည်းရွာကိုပြန်ဝင်ကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

လက်ရှိမှာတော့ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ အေးသာယာ (ပျံကျ) ရွာဟာ အိမ်ခြေ ၁၀ဂဏန်းလောက်သာကျန်တော့တယ်လို့လည်းသိရပါတယ်။

 

စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမူကြောင့် ဒီပဲယင်းမြို့နယ်မှာ နေအိမ်သုံးထောင်ကျော်မီးလောင်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ယာယီနေထိုင်နိုင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ကထုတ်ပြန်ထားပါတယ်။