ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်၊ ခြံသာယာလမ်းအနီးက ရေကန်တကန်ထဲ ပြုတ်ကျရာက ဆယ်ကျော်သက်လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီရေကန်ထဲကို အသက် (၁၅) နှစ်အရွယ် လူငယ်တဦး ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ပြုတ်ကျသေဆုံးခဲ့တာလို့ သိရပါတယ်။
“ရေကန်ထဲ လူငယ်တစ်ဦး ပြုတ်ကျလို့ဆိုပြီး အသင်းကိုဖုန်းဆက်အကူအညီတောင်းလို့ သွားရောက်ကူညီချိန်မှာ မြုပ်နေပြီ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းရှာဖွေကြပြီး အချိန်တနာရီလောက် အကြာမှာ ဆယ်ယူနိုင်ခဲ့ပါတယ်” လို့ အဲ့ဒီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေကန်ထဲပြုတ်ကျသေဆုံးသူဟာ အသက် (၁၅) နှစ်အရွယ် မောင်လှဖုန်းနိုင်ဖြစ်ပြီး ကန်ထဲကျပြီး တနာရီလောက်အကြာ ဒီကနေ့မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။