စစ်ကာင်စီက ဖမ်းဆီးထားတဲ့ ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော် ၂ ပါးဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်ဥက္ကဌဟောင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန် နဲ့ မန္တလေးမြို့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းအုပ် သိက္ခာတော်ရဆရာ သျှန်လျန်းဆန်း တို့၂ဦးကို အမြန်လွတ်ပေးဖို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကတရားစွဲဆိုဖို့ပြင်ဆင်နေပြီး စက်တင်ဘာလထဲမှာဖမ်းဆီးခံရတဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းအုပ် သိက္ခာတော်ရဆရာ သျှန်လျန်းဆန်းကို ဒီဇင်ဘာ (၇) ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် (၂၃) နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
“ ဖိနိုပ်ခံပြည်သူများနှင့်အတူရပ်တည်ပြီး အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံခြင်းမပြုသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအား မတရားဖမ်းဆီးခေါ်ဆောင်ကာ၊ ရရာပုဒ်မဖြင့် မဟုတ်မမှန် တရားစွဲဆို၍ ၎င်းတို့၏ ထိန်းချုပ်မူအောက်ရှိ တရားရုံးကပြစ်ဒဏ်ချမှတ်နေခြင်းသည် အာဏာသိမ်းစစ် ကောင်စီအနေဖြင့် ခရစ်ယာန်အသင်းတော်များအား ဖိနိုပ်ချုပ်ချယ်ရန်ကြိုးစားနေသည့် အကြမ်းဖက်မူပင် ဖြစ်တယ်” လို့ ခရစ်ယာန်သာသနာ့ဝန်ဆောင်ဆရာတော်နှစ်ပါး ဖမ်းဆီးခံထားရတာနှင့်ပတ်သက်ပြီး ICNCC ထုတ်ပြန်ပါတယ်။
အခုလို သာသနာ့ဝန်ဆောင် ဆရာတော်နှစ်ပါးကို ဖမ်းဆီးအကျဉ်းချထားတာကို ICNCCအနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ဆရာတော်နှစ်ပါးကို ချက်ချင်းလွတ်ပေးဖို့ကိုလည်း ထုတ်ပြန်တောင်းဆိုထားတာတွေ့ရပါတယ်။