ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ တာမုံးပေါ် ဒေသမှာ ဒီဇင်ဘာ ၂၁ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်နဲ့ နှစ်နာရီကျော်ကြာ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ MNDAA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၄၂၀) ကအင်အား ရှစ်ဆယ်နီးပါးနဲ့ မြန်မာအ မျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တပ်မဟာ (၅၁၁) ရှိရာ တာမုံး ပေါ် ဒေသကိုချီတက်လာတာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တာ လို့ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း မုံးကိုးဒေသမှာ တပ်စွဲထား တဲ့စစ်ကောင်စီတပ်က ပဋိပက္ခဖြစ်ပွားရာနေရာကို ကျည် ၁၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပြီးဒေသခံရွာသားတ ဦးရဲ့ နေအိမ်ထဲကိုလည်း ကျည်တွေကျခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုကို မသိရသေးဘဲ MNDAAဘက်က တဦး ကျဆုံးပြီး တဦး အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ AA တပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ်အ တွင်းမှာ အပစ်ရပ်ထားပေမယ့် AA တပ်ဖွဲ့လည်းပူး ပေါင်းပါဝင်ထားတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် လက်နက်ကိုင်တပ်တွေနဲ့တော့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။