MoU အလုပ်သမား ၈၀ ကျော် မြန်မာသံရုံးရှေ့မှာ စုပေါင်းတောင်းဆို

MoU နဲ့လာရောက်ခဲ့သော်လည်း အချိန် လေးလကျော်ကြာတဲ့အထိ အလုပ်မရသေးတဲ့ မြန်မာ အလုပ်သမား ၈၀ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာ သံရုံးရှေ့မှာ အလုပ်အကိုင်ရရှိရေးအတွက် စုပေါင်းတောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။
 
ဒီအလုပ်သမားတွေဟာ New Three Dimond အေဂျင်စီနဲ့ မင်းမြတ်တံခွန် အေဂျင်စီတွေကနေ ပို့ဆောင်ခဲ့ကြသူတွေဖြစ်တယ်လို့ ဒီအလုပ်သမား တွေကို လိုက်လံကူညီပေးနေတဲ့ AAC (လက်တွဲ ကူညီ)က ကိုနေလင်းသူက ပြောပါတယ်။
 
ဒီအလုပ်သမားတွေအနေနဲ့အလုပ်သမားသံ အရာ ရှိ ရုံးကို အကြိမ်ကြိမ် အကူညီတောင်းခဲ့ပေမယ့် ဖြေရှင်းပေးမှုမရှိတာကြောင့် အခုလိုမျိုး သံရုံးအထိ လာရောက် တောင်းဆိုရတာဖြစ်တယ်လို့ လတ်တ လောမှာ အမည်မဖော်လိုသေးတဲ့ အလုပ်သမား ကိုယ်စားလှယ်တစ်ဉီးက ပြောပါတယ်။