ဝါးခုတ်သွားတဲ့ မောင်တောဒေသခံ မြိုတိုင်းရင်းသားနှစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာက ရွာသားနှစ်ဦးဟာ ရွာအနီးက တော တောင် ထဲ ဝါး သွားခုတ်ရာကနေ ပြန်မ‌ရောက်တဲ့အတွက် လိုက်ရှာကြရာက ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အသက်သုံးဆယ်ဝန်းကျင်ရှိကြတဲ့ အဲဒီရွာသားနှစ်ဦးဟာ ဒီဇင်ဘာ (၁၈) ရက် နေ့လယ်ပိုင်းမှာ ဝါးခုတ်ဖို့ တောင် ပေါ် တက်သွားကြတာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နေ့လယ်ပိုင်းမှာ သူတို့ရဲ့အလောင်းတွေကို တွေ့ရှိခဲ့ တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနေ့ကကတည်းက ပြန်မရောက်လို့ သွားရှာကြတာ၊ ပထမတော့ သူတို့ဖိနပ်တွေကို တွေ့တယ်။ နောက်ပြီးမှ အ လောင်းတွေကို တွေ့တာ၊ အလောင်းမှာ ဓါးဒဏ်ရာတွေ ပါတယ်”လို့ အဲဒီက ဒေသခံတဦးက ပြောပါတယ်။

အဲဒီရွှေတောင်ရွာဟာ စစ်ကောင်စီရဲ့ ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်အနီးမှာ တည်ရှိပြီး အနီးတဝိုက်မှာ စစ် ကောင်စီတပ်သားတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 “ဘယ်သူတွေက ဘာ ကြောင့် သတ်တယ်ဆိုတာကိုတော့ မပြောနိုင်ဘူး”လို့ နောက်ထပ်ဒေသခံတဦးက ပြောပါ တယ်။

ရွာသားနှစ်ဦးအသတ်ခံရတဲ့ ရွှေတောင်ရွာဟာ မောင်တောမြို့နဲ့ ရှစ်မိုင်လောက်အကွာ မေယုတောင်ခြေမှာ တည် ရှိ တဲ့ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတရွာဖြစ်ပါတယ်။