ကော့ကရိတ်မှာကလေးငယ်တဦးစစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေတဖက်ပြတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက ကွင်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေထောင်ထားခဲ့တဲ့ မြေမြှပ်မိုင်းကြောင့် ခြေထောက်တဖက်ပြတ်ခဲ့တယ်လို့ဒေသခံတွေက DNA ကိုပြောပါတယ်။
“ စစ်သားတွေရောက်လာတော့ ခြံထဲသွားအလုပ်မလုပ်ရဲကြဘူးလေ၊ သူတို့ပြန်သွားတော့ ခြံထဲပြန်သွားပြီးအလုပ်လုပ်တော့ မိုင်းနင်းမိတာဘဲ၊ခြေထောက်ပြတ်သွားတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁၅ ရက်နေ့လောက်ကစပြီး ကွင်းရွာမှာစခန်းချနေထိုင်သွားတာဖြစ်ပြီး ၂ ရက်လောက်စခန်းချနေထိုင်သွားတယ်လို့သိရပါတယ်။
“ အခုမိုင်းကွဲတော့ လိုက်ပြီးမသွားရဲဘူးလေ၊ သူတို့က ဘယ်နေရာမှာ ဘာလုပ်လို့လုပ်ထားမှန်းမသိဘူး” လို့ လည်းဒေသခံတဦးက DNA ကိုပြောပါတယ်။
 
အခုလို စစ်ကောင်စီစစ်ကြောင်းရွာကထွက်ခွာသွားအပြီးမှာ ထားခဲ့တဲ့မြေမြှပ်မိုင်းကြောင့် ထိခိုက်မှုတွေဟာ စစ်ကိုင်း၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသတွေမှာအာဏာသိမ်းပြီးနောက်ဖြစ်ခဲ့ပါတယ်။