စစ်ကောင်စီရဲ စစ်ကြောင်းထိုးမှုတွေနဲ့ နေအိမ်မီးရှို့မှုတွေကြားက စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ရက်ပေါင်း ၆၄၆ ရက်မြောက်အထိ စစ်အာဏာရှင်ကို တော်လှန်ကြောင်း ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၈ နေ့မှာလည်း “တရားမဝင် အတုယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီ ဖိအားပေးကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။