ကလေးမြို့လမ်းဆုံမှာ “ယုံကြည်ချက်ကို သေဒဏ်ချလို့မရ” စာတန်းနဲ့ ဆန္ဒပြ

ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ (၁၂) ရက် ဒီကနေ့ နေ့လယ်ပိုင်းက ကလေးမြို့ လမ်းဆုံမှာ “ယုံကြည်ချက်ကို သေဒဏ်ချလို့မရ” စာတန်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီက ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းစထိုးတဲ့ ဒီကနေ့မှာ သပိတ်အဖွဲ့ဝင်တွေက ကလေးမြို့ရဲ့ လူစည်ကားရာ အဓိကလမ်းဆုံမှာ ပျောက်ကြားသပိတ် ဆင်နွဲခဲ့ကြတာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အခုလို ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သပိတ်အင်အားစုအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်ဆန္ဒပြလာတာ ရက် ပေါင်း (၆၇၄) ရက်ရှိခဲ့ပြီဖြစ်ပါတယ်။