သပိတ်ကျင်း(ပကဖ)ဖမ်းမိထားတဲ့ စစ်တပ်သတင်းပေးကို ပြစ်ဒဏ်ချဖို့ NUG ကိုတင်ပြထား

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ သပိတ်ကျင်းမြို့နယ် ပကဖ ကဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီသတင်းပေ းအောင်ဆန်းလင်း ကို ပြစ်ဒဏ်ချနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတင်ပြထားတယ်လို့ သပိတ်ကျင်း ပကဖ TBK တောဆင်ရိုင်းပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီသတင်းပေးအောင်ဆန်းလင်းကို သူပိုင်တဲ့သစ်ဖောင်ဝါးဖောင်တွေပေါ်မှာ သပိတ်ကျင်း ပကဖ ကဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်မှာတော့ ပြင်ဦးလွင်ခရိုင်(ပကဖ)ကိုလွှဲပြောင်းထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

 “လောလောဆယ်တော့ သူကို အချုပ်ခန်းမှာပဲ ထားပါတယ်။ ကျနော်တို့ NUG ကို တင်ပြထားပါတယ်။ NUG က ပေးတဲ့ အပြစ်ဒဏ်ကို ခံရမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒလန်ဆိုတိုင်းလည်း သတ်ဖို့ အစီအစဉ် မရှိပါဘူး။ ကျနော်တို့ကို ခုခံရင်တော့ သတ်ရမှာပေါ့လေ။ လူသားချင်းစာနာမှုနဲ့အတူ အချုပ်ခန်းမှာပဲ ထားပါမယ်။ NUG အစိုးရရဲ့ ကွပ်ကဲမှု အောက်မှာပဲ ကျနော်တို့ ပေးတဲ့ အပြစ်ဒဏ်ကိုပဲ သူတို့ ခံယူရမှာပါ။ ကျွန်တော်တို့က လူသတ်ပွဲ လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးမှာ စစ်ခွေးနဲ့ပဲ လုပ်နေတာ ဆိုတော့ စစ်ခွေးနဲ့ပဲ အဓိက တိုက်ချင်ပါတယ်လို့ ပြင်ဦးလွင်ခရိုင်(ပကဖ)မှ ဒုတိယခရိုင်တာဝန်ခံက DNA ကို ပြောပါတယ်။

 

 စစ်ကောင်စီသတင်းပေး အောင်လင်းဆန် အပါအဝင် အဖွဲ့ () ဖွဲ့ကို ဝါး ()သောင်း ပါတဲ့ ဖောင်တွေနဲ့ သပိတ်ကျင်း(ပကဖ)ပိုင် ဆိပ်ကမ်းတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တော်လှန်ရေးကို အနှောင့်အယှက် မပေးတဲ့အဖွဲ့ ()ဖွဲ့ကို တစ်ဖွဲ့ကို ဒဏ်ကြေး (၂၀၀၀၀) နဲ့ တစ်ဦးကို ကြိမ်ဒဏ် (၁၀) ချက် အပြစ်ပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်းဆက်ပြောပါတယ်။

 

စစ်ကောင်စီဒလန် အောင်လင်းဆန်းကို လွန်ခဲ့တဲ့ ()ရက်ကတည်းက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သူက စစ်ကောင်စီအတွက် ဒလန်လုပ်ပေးခဲ့တယ်ဆိုတာကိုလည်း ဝန်ခံပါတယ်။ သူဖုန်းထဲမှာ အဆက်အသွယ်လုပ်တဲ့ ဗျူစောထီး ဖုန်းနံပါတ်တွေ၊ ဒလန်ဖုန်းနံပါတ်တွေ၊ စစ်ကောင်စီထံ ဆက်သွယ်ထားတဲ့ အကြောင်းတွေ ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်ခင်ဗျဟု သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မျက်ပြူးက ပြောပါတယ်။

 

 TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့အနေနဲ့ အလားတူ ဖမ်းဆီးအရေးယူမှုအဖြစ် () ကြိမ်ပြုလုပ်ထားပြီး ပထမ ()ကြိမ်ကို သတင်းထုတ်ပြန်ခြင်း မပြုဘဲ အရေးယူထားတာ ရှိတယ်လို့ သိရပါတယ်။

 

 သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီကို သတင်းပေးသူတွေ ၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကိုလည်း အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။