အခုလအတွင်း ကျရောက်မယ့် (၁၁)ကြိမ်မြောက် မွန် လူငယ်နေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ (MNSP)ထိန်းချုပ်နယ်မြေရေးမြို့နယ် တောင်ပိုင်းမှာ ကျင်းပသွားမယ်လို့ မွန်လူငယ်ဆုံရပ် (MYF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ခေါင်းဆောင်တွေကို ဂါဝရပြုတာ၊ မွန်လူငယ်အချင်းအချင်းအပြန်အလှန်ချစ်ခင်ရင်းနှီးမှုတွေ တိုးလာစေဖို့ စတဲ့ရည်ရွယ်ချက် တွေနဲ့ မွန်လူငယ်နေ့အခမ်းအနားကို နှစ်စဉ် ဒီဇင်ဘာ(၂၅) ရက်မှာ ကျင်းပလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က (၁၀)ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကိုတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ က ရာမညရဌဗုဒ္ဓတက္ကသိုလ်မှာ အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။ အခုနှစ်မှာတော့ နိုင်ငံရေး အခြေအနေကြောင့်မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ထားဝယ် ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
မွန်လူငယ်နေ့အခမ်းအနားကို တက်ရောက်ဖို့အတွက် ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်းတွေနဲ့ လူ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားသွားမယ့်အပြင် တိုင်း နဲ့ပြည်နယ်အသီးသီးက မွန်လူငယ်တွေကို ဖိတ်ကြားသွားဖို့ရှိတာကြောင့် အရေအတွက် ကန့် သတ်ထားတာမရှိဘူးလို့ MYF ကအသိပေးထား ပါတယ်။
တစ်ဘက်မှာလည်း ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ် အပါအဝင် တော်လှန်ရေး အင်အားစုတွေရဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲတွေမကြာမကြာဖြစ်နေတာပါ။
ဒါကြောင့် လူမှုရေးအရ ထောက်ရှုတဲ့အနေနဲ့အ ခမ်းအနားပြုလုပ်မယ့်ကာလအတွင်းရေးမြို့နယ်တဝိုက်မှာ ရှိနေတဲ့ လက်နက်ကိုင်တွေ မပစ်ခတ် ကြဖို့နဲ့ မွန်လူငယ်တွေရဲ့ လုံခြုံရေးကို ရှေးရှုပေးကြဖို့ မွန်လူငယ်ဆုံရပ် (MYF)က တောင်းဆိုထား ပါတယ်။