လောက်ကိုင်မြို့က နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံကပိတ်လိုက်ပြီလို့ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်မယ်လို့ သတင်းတွေထွက်နေပြီး မတည်မငြိမ် ဖြစ်နေ ချိန်မှာ လောက်ကိုင်မြို့ကနေ တရုတ်နိုင်ငံဘက်ကူးတဲ့ နယ်စပ်ဂိတ်ပေါက်ကို တရုတ်ဘက်က ဒီဇင်ဘာ(၈) ရက် ကစပြီး ပိတ် လိုက်တယ်လို့ မြို့ခံတချို့က DNA ကိုပြောပါတယ်။
 
“လက်ရှိတရုတ်နယ်စပ်လိုင်းကတော့ သူ့နိုင်ငံသားတွေကို လက်ခံပြီးတာနဲ့ အကုန်ပိတ်သွားပြီ၊ မြန်မာအပိုင် ဒီ ဆက် ကြောင်းလမ်းပေါ်မှာ တိုက်ပွဲဖြစ်လာတာနဲ့အမျှ လောက်ကိုင်မြို့က ဆက်သွယ်မှု အားလုံးရပ်သွား လိမ့် မယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။
 
လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေသလို လောက်ကိုင်မြို့ကိုလည်း MNDAA က အခုလအတွင်း တိုက်ခိုက်မယ်လို့ သ တင်းတွေထွက်နေတာကြောင့် မတည်မငြိမ်ဖြစ်နေတာပါ။
 
လောက်ကိုင်မြို့မှာ အလုပ်လုပ်ကိုင်နေသူအများအပြား မြို့ကိုစွန့်ခွာသွားပြီး နေရပ်ပြန်နေကြချိန်မှာ တရုတ်နိုင်ငံ ဘက်ကကလည်း 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM ၂၀၁၅ခုနှစ်ကလည်း လောက်ကိုင်မြို့ တိုက် ပွဲဖြစ်လို့ ဒေသခံ လေးသောင်းခွဲလောက် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးပါတယ်။
 
ဒါပေမယ့် လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်က လောက်ကိုင်ဒေသနယ်စပ်တွေကို ခြံစည်းရိုးကာရံလိုက် တာ ကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်လာရင် တရုတ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ဖို့ မလွယ်ကူတော့ဘူးလို့ လောက်ကိုင်ဒေသခံတဦးက ပြောပါတယ်။
 
ကိုးကန့်လက်နက်ကိုင်တပ်(MNDAA)နဲ့ စစ်ကောင်စီ တို့ဟာ နိုဝင်ဘာ လကုန်ပိုင်းမှာ လောက်ကိုင်နဲ့ မိုင်နှစ် ဆယ်ကျော်သာဝေးတဲ့ ချင်းရွှေဟော်မြို့အနီးမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
 
ဒါ့အပြင် သိန္နီမြို့မှာလည်း ဒီဇင်ဘာ(၈)ရက် မနေ့ကစစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ MNDAA ဘက်က ထုတ် ပြန်ပါတယ်။စစ်ကောင်စီတပ်လားရှိုး-ကွမ်းလုံလမ်းကြောင်းပေါ်က MNDAA တပ်မဟာ(၂၁၁)လက်အောက် ခံ တပ်ရင်းတချို့ဆီကို အင်အားတရာနီးပါးနဲ့ ချဉ်းကပ်လာလို့ တိုက်ပွဲစဖြစ်တာလို့ သတင်းထုတ်ပြန်ချက် ကဆို ပါတယ်။
 
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံးလူသုံးဦးသေဆုံးထိခိုက်ပြီး MNDAA ဘက်က နှစ်ဦး လက် မောင်းကျည်ထိဒဏ်ရာတွေရတယ်လို့ ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ နမ့်ဆန်မြို့မှာလည်း စစ်တပ်နဲ့ TNLA တပ်တွေ လက်ရှိတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ခတ်မှုတွေပါလုပ်နေတာပါ။
 
လတ်တလောဒေသတွင်း စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီတပ်တွေဟာ သန္နီ-ကွမ်းလုံ-ဟိုပန်-လောက် ကိုင်လမ်းကိုပိတ်ဆို့ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ ရှမ်းမြောက်ဒေသခံတဦးက ပြောပါတယ်။