နမ့်ဆန်မှာ စစ်တပ်နဲ့ TNLA တိုက်ပွဲဆက်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှာ စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’ဒီမနက်တိုက်ပွဲက ၉နာရီကျော်ကျော်လောက်စတာ၊ လေကြောင်းကနေ နှစ်စင်းနဲ့လာပစ်တာမနေ့ကသူတို့နည်းနည်းအထိနာတဲ့ပုံစံမျိုးပေါက်တယ်’’ လို့ က DNA ကိုပြောပါတယ်။
ဒီကနေ့မှာတော့ နမ့်ဆန်မြို့နယ် ပိန်းလုံအုပ်စု ဟူးမန်းကျေးရွာနဲ့ ကုန်းသာရွာကြား
TNLA လှုပ်ရှားရာ နေရာကို စစ်ကောင်စီလေကြောင်းတပ်က ရဟတ်ယာဉ် ၄စီး၊ ဂျက်လေယာဉ် ၂စီးနဲ့မနက်၉နာရီဝန်းကျင်မှာတကြိမ် မွန်းလွဲပိုင်းမှာတကြိမ် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးက
မန်လုံ၊ဟူးမန်နဲ့ ပိန်းလုံကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ဆက်တိုက်
စစ်ဘေးတိမ်းရှောင်နေရတယ်လို့ လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေဆီကသိရပါတယ်။
“စာရင်းက အတိအကျမသိသေးဘူး များတော့များတယ်။ အသက်ကြီးရွယ်အိုးနဲ့ကလေးတွေများတယ်။ အခုအချိန်ထိ နေရာမခွဲရသေးဘူး ၊ကော်မတီတွေကလုပ်နေတာ။ သူတို့လည်း အခုရောက်အခုထား အခုနောက်တစ်ခေါက်ပြန် သွားခေါ်နေရတယ်” လို့ စစ်ရှောင်တွေကို ကူညီသယ်ဆောင်ပေးနေသူက
ပြောပါတယ်။
တိုက်ပွဲတွေငြိမ်နေတာ ၂လနီးပါးရှိပြီဖြစ်တဲ့ နမ့်ဆန်မှာတော့ စစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့ကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကစပြီး တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်က ထိုးစစ်စဆင်လို့ တိုက်ပွဲဖြစ်တာဖြစ်တယ်လို့ TNLA ဘက်ကပြောဆိုထားပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က TNLA လှုပ်ရှားရာနေရာဘက်က ကျေးရွာတွေဘက်ကို လေကြောင်းကနေ ၆ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရှိသူကပြောပါတယ်။