မင်းအောင်လှိုင်လာဖို့ရှိတဲ့မင်္ဂလာဒုံမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်း​အောင်လှိုင်လာဖို့ရှိတဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ အနီးတဝိုက်မှာ လုံခြုံရေး တင်းကြပ်ထား တဲ့ကြားကပေါက်ကွဲမှု တွေဆက် တိုက်ဖြစ်နေပါတယ်။
 
မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲကို အခုလထဲပြုလုပ်ဖို့ရှိပြီး မင်း အောင်လှိုင်တက်ရောက်မှာဖြစ်လို့နိုဝင်ဘာလကုန်ပိုင်းကတည်းအဲဒီမြို့နယ်မှာလုံခြုံရေးတင်းကြပ်မူတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
 
အဲဒီလိုလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မနေ့ည က မင်္ဂလာဒုံမြို့နယ်၊မြို့မရဲစခန်းအဝေးထိန်း လက်လုပ်မိုင်းနဲ့ဖောက်ခွဲခံရသလိုဒီကနေ့မနက်မှာလည်း အမှတ်(၃)လမ်းဆုံက စစ်ဆေးရေးဂိတ် အ ဝေးထိန်းဗုံးနဲ့တိုက်ခိုက်ခံရပါတယ်။
 
ဒီကနေ့မနက် တိုက်ခိုက်မူကို Yangon UG Association (YUA)အဖွဲ့ဝင် God’s Hand Forces(GHF)ရဲ့တပ်ခွဲ(၆)ဖြစ်တဲ့Black Fox YGN UG က “အသက်လျော်ကြေး စစ်ဆင်ရေး “တစိတ် တဒေသအဖြစ်နဲ့တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
 
ပေါက်ကွဲမှုကြောင့်ယာဥ်ထိန်းရဲတဦးသေဆုံးပြီး၊ယာဥ်ထိန်ရဲနှစ်ဦး၊စစ်သား သုံးဦးနဲ့ရဲ နှစ်ဦး၊စုစု ပေါင်း ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကာငါးဦးကဒဏ်ရာပြင်းထန်မှုမရှိဘူးလို့သိရကြောင်း YUA တာဝန်ခံက DNA ကိုပြောပါတယ်။
 
စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းနှစ်လုံးနဲ့တိုက် ခိုက်ခဲ့တာဖြစ်ပြီး တစ်လုံးပေါက်ကွဲခဲ့ပေမယ့် ကျန်တစ်လုံးကိုတော့ စစ်ကောင်စီဘက်ကတွေ့ရှိပြီး ဖောက်ခွဲခဲ့တယ်လို့သူကပြောပါတယ်။
 
“ထိတယ်၊တော်တောများများထိကြတယ်၊မြောက်ဥက္ကလာကရော၊မင်္ဂလာဒုံဘက်ကရော၊နောက်သူတို့ စစ်ကားတွေရောရောက်လာပြီးသယ်သွားကြတာတွေ့လိုက်တယ်၊ကုတင် တထောင်ဆေးရုံဘက်ကို သယ်သွားကြတယ်”လို့ ပေါက်ကွဲမှုဖြစ်စဥ်အနီးက ဒေသခံတဦးက DNAကိုပြောပါတယ်။
 
မနေ့ကညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ မင်္ဂလာ ဒုံမြို့မရဲစခန်းဟာမင်းအောင်လှိုင်တက်ရောက်ဖို့ရှိတဲ့တပ်မတော်ဆေးတက္ကသိုလ်ရဲ့မျက်နှာချင်းဆိုင်၊ပြည်လမ်းမကြီးဘေးမှာရှိတာဖြစ်ပါတယ်။
 
မနေ့ညက အဲ့ဒီရဲစခန်းဖောက်ခွဲခံရမှုမှာတော့ ထိခိုက်ဒဏ်ရာရတာရှိတဲ့ အခြေအနေမတွေ့ရဘူးလို့ ဒေသခံတချို့ကပြောပါတယ်။
 
အခုလို တိုက်ခိုက်ခံရတာတွေကြောင့် မင်္ဂလာ ဒုံ မြို့နယ်အတွင်း စစ်ကားတွေပိုတွေ့နေရပြီး လုံခြုံ ရေးကိုထပ်တိုးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။
 
“စစ်တပ်ဝန်းကျင်လမ်းတချို့ကိုပိတ်ထားတယ်၊ဆိုင်ကယ်ကယ်ရီတွေကိုလမ်းမပေါ်ပေးမတက်ဘူး၊
တောက်လျှောက်အဲ့ကောင်တွေခြေရှုပ်နေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
 
မင်္ဂလာဒုံမြို့နယ်မှာမကြာခင်ကလည်း လေတပ်စ ခန်းနဲ့ ခရေပင်လမ်းမဘေးက အင်ဂျင်နီယာတပ် ခြံစည်းရိုးအနီးမှာပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။