ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့မှာ စစ်တပ်နဲ့ ကိုးက န့်တပ် MNDAA တို့ တိုက်ပွဲတွေပြင်း ထန်လာနိုင် တယ်လို့ သတင်းတွေပျံ့နေပြီး မြို့မှာအခြေချ နေထိုင် အ လုပ်လုပ်ကိုင်နေသူအ များအပြား
လည်းမြို့ကိုစွန့်ခွာတိမ်းရှောင်နေကြပါတယ်။
စစ်ကောင်စီတပ်နဲ့ MNDAA တပ်တွေ ပြီးခဲ့တဲ့ လအတွင်း ကိုးကန့်ဒေသမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လောက်ကိုင်မြို့မှာလည်း တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ကြရာကအခုလိုမတည်ငြိမ်မှုတွေဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲသတင်းကြောင့်လောက်ကိုင်မှာတရုတ်ယွမ်ငွေစျေးဟာချက်ခြင်းမြင့်တက်သွားပြီး ကား ခ တွေလည်းတောက်လျောက်ဆိုသလိုစျေးတက်နေတယ်လို့လည်းသိရပါတယ်။
အခုလိုမတည်ငြိမ်မှုတွေ ဖြစ်နေချိန် ဒီကနေ့ကစပြီး လောက်ကိုင်မြို့မှာ လျှပ်စစ်မီး အချိန်ပိုင်းနဲ့ သာ အသုံးပြုခွင့်ရနေတယ်လို့လည်းသိရပါတယ်။
လောက်ကိုင်းမြို့ကအုပ်ချုပ်ရေးတာဝန်ရှိသူတွေကလည်း အခုလိုမတည်မငြိမ်အခြေအနေတွေကို တား ဆီးထိန်းချုပ်ဖို့ကြိုးပမ်းနေပြီးတိုက်ပွဲနဲ့ပတ်သက်လို့ ကောလာဟလရေးသားဖြန့်ဝေမှုတွေကိုအရေးယူမယ်လို့ထုတ်ပြန်ထားကြောင်း မြို့ခံတဦးက DNA ကိုပြောပါတယ်။
“လောလောဆယ် မီးအချိန်ပိုင်းပြတ်တယ်၊ လူတွေ ကောလဟာလ မဖြန့်ဖို့၊ ဖြန့်ထားတာတွေ ဖျက် ပေးဖို့ မဖျက်ရင် အရေးယူမယ်ဆိုတဲ့အကြောင်း စာထုတ်ထားတယ်၊ ပြန်သူတွေလဲ တော်တော် များတယ်”လို့သူကပြောပါတယ်။
MNDAA ဘက်က တာဝန်ရှိသူတချို့က လောက် ကိုင်မြို့ဘက်မှာ တိုက်ပွဲဖော်ဖို့အစီအစဥ်မရှိဘူးလို့ မီဒီယာတွေကိုပြောဆိုတာတွေရှိပေမယ့် ဒေသခံ တွေကြားမှာတော့ အခုလ (၁၅) ရက်မှာ လောက်ကိုင်မှာတိုက်ပွဲဖြစ်မယ်ဆိုတဲ့သတင်းတွေပျံ့နေတာပါ။
“ပြောရရင် ဒီတစ်ကြိမ်မှာတော့ တိုက်ပွဲဖြစ်စရာမရှိ လင်းချန်(လောက်ကိုင်မြို့ကိုလျှပ်စစ်ပေးနေတဲ့ တရုတ်ဓာတ်အားပေးစက်ရုံ)ကဓာတ်အားလိုင်းပြင်လို့ ပျက်မှာနဲ့ ချင်းရွှေဟော်နားက တောင်တိုက်ပွဲကို ရောဖွလို့ ကြောက်ကုန်တာလို့ပဲ ထင်တယ်”လို့ လောက်ကိုင်ဒေသခံတဦးကDNAကိုထပ်ပြောပါတယ်။
လောက်ကိုင်မြို့နဲ့ (၂၂)မိုင်သာဝေးတဲ့ ချင်းရွှေ ဟော်မြို့အနီးမှာ စစ်ကောင်စီနဲ့ MNDAA တပ်တွေ နိုဝင် ဘာ(၂၈)ရက်က တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
MNDAA တပ်စခန်းကို စစ်ကောင်စီနဲ့ ကိုးကန့် နယ်ခြားစောင့်တပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြသ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာ ခဲ့တယ်လို့ MNDAA က အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်ထက် (၂၀၁၅) ခုနှစ်မှာ ဖုန်ကျားရှင် တပ်တွေနဲ့ စစ်ကောင် စီတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်လို့ လောက်ကိုင်မြို့အထိနာခဲ့ဖူးပါတယ်။ဒါ့အပြင် MNDAA တပ်နဲ့စစ်တပ်တို့ဟာလည်း လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသတွင်းမှာ တိုက်ပွဲတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။