အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ (၅) ရက်ဒီကနေ့မှာ ထောင်နှစ်နှစ်နဲ့ ငွေဒါဏ်ကျပ်နှစ်သောင်းချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ဆီကသိရပါတယ်။
ကိုသက်နှင်းအောင်ဟာ MICS-TUsF က အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အဲဒီအလုပ်သမားအဖွဲ့ချုပ်ရုံးခန်းကို ဝင်ရောက်စီးနင်းမှုတွေလုပ်လို့ ထွက်ပြေးတိမ်းရှောင်ရင်းဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
“ကိုသက်နှင်းအောင်က အလုပ်သမားအရေ းလုပ်နေသူပါ၊ ၁၇/၁ နဲ့တရားစွဲတာဟာ သူတို့ရဲ့စွပ်စွဲမူဆိုတာ လူတိုင်းသိတယ်၊ အခုလိုပြစ်ဒဏ်ချမှတ်တဲ့အပေါ် ရှုတ်ချသလို သူ့မိသားစုနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်”လို့ MICS-TUsF တာဝန်ရှိသူတဦးကပြောပါတယ်။
ကိုသက်နှင်းအောင်ဟာ စစ်ကောင်စီရန်ကို တိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဇွန်လအတွင်း နယ် စပ်တစ်နေရာမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး တနှစ်ကျော်အကြာမှာ အခုလိုပြစ်ဒဏ်ချမှတ်ခံရတာပါ။
သူ့ကိုအခုလို ပြစ်ဒဏ်ချမှတ်တဲ့အပေါ် အယူခံတက်မှာမဟုတ်ဘူးလို့ ကိုသက်နှင်းအောင်က ပြောတယ်လို့လည်း MICS-TUsF က တာဝန်ရှိသူကဆိုပါတယ်။