ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်သတင်းကြောင့်စောင့်ဆိုင်းနေသူတွေရှိပြီး အဲဒီအထဲက ဓါတ်ပုံရိုက်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ထောင်ရှေ့ရောက်နေသူတဦးက DNA ကိုဆက်သွယ်ပြောပြပါတယ်။
‘’ထောင်ထဲကနေ စစ်သား၃ယောက်နဲ့ရဲ၃ယောက်ထွက်လာပြီး စစ်တာ သုံးယောက်ကိုစစ်ပြီးတယောက်ကိုထောင်ထဲခေါ်သွားတယ်။ကျန်တဲ့လူတွေကတော့ပြေးပြီ’’ လို့ထောင်ရှေ့ရောက်နေသူက ပြောပါတယ်။
ဒီကနေ့မှာ အကျဉ်းသား ၆၀၀၀ နီးပါးလွှတ်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုကြောင့်ထောင်ရှေ့မှာစောင့်ဆိုင်းနေတဲ့ မိသားစုဝင်ကလည်း ရာနီ့ချီရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ နေလယ် ၁၁ နာရီဝန်းကျင်အထိတော့ ထောင်ထဲကနေလွတ်မြောက်လာသူမရှိသေးဘူးလို့လည်းသိရပါတယ်။