ထားဝယ်မှာ အမျိုးသားနှစ်ဦးကို မူးယစ်ဆေးတွေနဲ့အတူ မြို့နယ် ပ.က.ဖ က ဖမ်းဆီး

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးဝါး အရောင်း အဝယ်လုပ်နေ တဲ့အမျိုးသားနှစ်ဦးကို ထား ဝယ်ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့ (DGRF) ကဖမ်းဆီးခဲ့ပြီး မူးယစ်ဆေး ဝါးတွေကိုမီးရှို့ဖျ က်ဆီးခဲ့တယ်လို့ နိုဝင်ဘာ (၁၅) ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ထားဝယ်မြို့နယ်၊ မောင်းမယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးဝါးအရောင်းဝယ်တွေလုပ်နေတယ်လို့ဒေသခံတွေကတိုင်ကြားလာလို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့ရက်ပိုင်းကနှစ်ရက်ဆက်တိုက် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီဖမ်းဆီးမှုအတွင်း သာထူးနဲ့စိုးစိုး ဆိုသူ အမျိုး သားနှစ်ဦးကို မူးယစ်ဆေးဝါးတွေအပြင် ပစ္စတိုတလက်၊ ကျည်တချို့နဲ့အတူ ဖမ်းမိတာ ဖြစ်တယ်လို့ DGRF ကဆိုပါတယ်။
ဖမ်းမိသူတွေဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်နေတဲ့ မူးယစ်ဂိုဏ်းအ ဖွဲ့ဝင် တွေဖြစ်တယ်လို့ DGRF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ထားဝယ်ဒေသတွင်းမှာက မူယစ်ဆေး ရောင်း ဝယ်သူတွေမကုန်နိုင်လောက်အောင်များပြားနေတာမျိုး မဟုတ်ပေမဲ့ အကုန်လုံးကိုအရေးယူနိုင်ဖို့ တော့ခက်ပါတယ်၊တွေ့ရင်တွေ့သလိုမကြာခဏဖမ်းဆီးအပြစ်ပေးတာတွေလုပ်ပါတယ်၊တော်တော်များများကိုစစ် တပ်ကခွင့်ပြုထားပြီး လက်နက် ကိုင်ပျူတွေက အရောင်းအဝယ်လုပ် တာမျိုး တွေပါ” လို့ ထားဝယ် -ပ.က.ဖ (DGRF) အဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
ဖမ်းမိထားသူနှစ်ဦးဆီကနေ WY (၈၀၀) နီးပါး၊ ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်တန်ဖိုးရှိ ICE တွေနဲ့ ဆေး ခြောက်တထုပ်၊ပစ္စတိုတလက်၊ ကျည်အ တောင့် (၆၀) တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီး ရာမှာလက်နက်နဲ့ ပြန်ခုခံတာ၊ စစ်ကောင်စီ နဲ့ပူး ပေါင်းနေသူတွေကိုဖမ်းဆီးတဲ့နေရာမှာပစ်ခတ်တိုက်ခိုက်ခဲ့ရတာတွေလည်းရှိပြီး လက်ရှိဖမ်းဆီးထားသူတွေကိုတော့ စစ်ဆေးမှုတွေပြုလုပ်ပြီး လိုအပ်သလို အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ DGRF အဖွဲ့ဝင်က ပြောပါတယ်။