ကန့်ဘလူမြို့မှာ လဝက်အတွင်း အိမ်တရာ့သုံးဆယ်ဝန်းကျင် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲကကျေးရွာတွေကိုစစ်ကောင်စီကလှည့်ပတ်စစ်ကြောင်းထိုးမီးရှို့နေလို့ အခုလဝက်အတွင်းရွာလေးရွာက နေအိမ်တရာ့ သုံးဆယ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

အခုလအတွင်း ကန့်ဘလူမြို့နယ်ထဲက အင်းမ၊ပ င့်သာ၊ရှမ်းကုန်းနဲ့ဆားတွင်းကြီးကျေးရွာတွေက နေ အိမ်တွေနဲ့ ပြည်သူပိုင်အဆောက်အအုံ စုစုပေါင်း (၁၂၈)လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ရွာတွေထဲ အင်းမရွာက နေအိမ်အ များဆုံး ဆုံးရှုံးခဲ့ပြီး နေအိမ် ၈၅ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ပင့်သာရွာကတော့ နေအိမ် (၃၅) လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေထဲစစ် ကြောင်းထိုးဝင်ရောက်ပြီးအိမ်တွေ မီးရှို့ဖျက်ဆီးတာကို လွန်ခဲ့တဲ့ လေးလကတည်းက ဆက်တိုက် ပြုလုပ်လာခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်နေတာမရှိပေမယ့်လည်း ကျေးရွာတွေကို လှည့်လည်သွားလာနေပြီး ပြည်သူ့အိမ်တွေ မီးရှို့ ဖျက်ဆီးတာ၊ ပစ္စည်းတွေကို လုယက်တာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေအထိ ဆက်တိုက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

“ဒီမြောက်ခြမ်းရွာတွေ ကောင်းကောင်းနေမရဘူးဗျ၊ အမြဲရှောင်နေရတာများတယ်၊ ရွာထဲပြန်နေရလည်း အများဆုံးနှစ်ရက်ပေါ့၊ ကိုးတောင်ဘို့စစ်ကြောင်းက ဝင်လိုက်ထွက်လိုက်ပတ်မွှေနေတာကိုး၊ ကိုးတောင်ဘို့ စစ်ကြောင်းရွှေ့တယ်ကြားတာနဲ့ ပတ်ပတ်လည် ရွာတွေအကုန် တောထဲပြေး မိုးကာတဲ ထိုးနေရတာပါပဲ” လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က DNA ကိုပြောပါတယ်။

ကိုးတောင်ဘို့ရွာမှာအခြေစိုက်ထားတဲ့ ခမရ -(၃၆၃) တပ်ဟာ မနေ့ကလည်း ဂုန်ညင်းရှိုရွာထဲကို လက် နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးကာ ရွာက ပြန်အထွက်မှာ ဒေသခံရွာသားတွေကို ဖမ်းခေါ်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

ဂုန်ညင်းရှိုရွာကိုမနက်ပိုင်းမှာအကြမ်းဖက်ဝင်စီးခဲ့တာကြောင့် ရွာသားတွေထွက်ပြေးချိန်မရှိဘဲ အကုပိတ်မိနေခဲ့ပြီး ဘုန်းကြီးကျောင်းမှာ လူစုခိုင်းပြီးတဲ့နောက် အမျိုးသမီး၊ အမျိုးသားမရွေး လူ (၅၀) ကျော်ကို ရွေးပြီးဖမ်းသွားတယ်လို့သိရပါတယ်။

“လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားတာပါဗျ၊ သူတို့အထိုင် ကိုးတောင်ဘို့နားရောက်မှ ဆယ်ယောက်တတွဲ ပြန်လွှတ်ပေးတယ်လို့ပြောပါတယ်၊ တချို့တဝက်လည်းရွာထဲပြန်ဝင်နေကြပြီ” လို့ ကျွန်းလှတက် ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွာသားတွေထဲက သားအဖနှစ်ဦးအပါအဝင် အသက်ခြာက်ဆယ်ကျော် အမျိုး သားတဦးကိုတော့ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။