ဆောမြို့က ရွာနှစ်ရွာကို စစ်တပ်က မီးရှို့ပြီး သံဃာတပါးနဲ့ ရပ်မိရပ်ဖလေးဦး အဖမ်းခံရ

မကွေးတိုင်း၊ ဆောမြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီး သံဃာတပါးနဲ့ ရပ်မိရပ်ဖ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆောမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်က လက်ပန်းရွာကနေအိမ်တွေကို ဒီကနေ့ နိုဝင်ဘာ (၁၅) ရက် မနက်ဆယ့်တနာရီဝန်းကျင်မှာ စ တင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ်ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ဒါ့အပြင် အဲ့ဒီရွာက သံဃာတပါးနဲ့ ရပ်မိရပ်ဖလေးဦးကိုလည်း စစ်တပ်က ပဆုပ်ရွာအထိ ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။

ပဆုပ်ရွာဟာ လက်ပန်းရွာနဲ့ ယောချောင်းတဖက်စီမှာရှိတဲ့ ရွာချင်းနီးစပ်တဲ့ကျေးရွာတရွာဖြစ်ပါတယ်။အဲ့ ဒီ ပဆုပ် ရွာကနေအိမ်တွေကိုလည်း စစ်တပ်က ဒီကနေ့ ညနေ သုံးနာ ရီဝန်းကျင်မှာ မီးဆက်ရှို့ခဲ့ပြီး ကျောက်ထု မြို့ဘက် ဆက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဒီကနေ့မှာ အဲ့ဒီဒေသအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာလည်းမရှိဘဲ ဘာ ကြောင့် အခုလို မီးရှို့တာ၊ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။

“ရွာကိုမီးရှိုတယ်လို့မနက်ကစကြားတယ်ဗျ၊ ပြီးတော့နေ့လယ်ပိုင်းလောက်ကစ ကျောက်ထုမြို့ထဲကနေ လက် နက် ကြီးတွေနဲ့ထုနေတာ၊ယောမြို့ဘက်နားတွေရောကျတယ်လို့ကြားတယ်ဗျ၊ ရမ်းသန်းထုတဲ့သဘောပဲ” လို့ ကျောက် ထုမြို့ခံတဦးက​ပြောပါတယ်။

စစ်ကောင်စီကမီးရိူ့ ဖျက်ဆီးခဲ့တဲ့ လက်ပန်းကျေးရွာနဲ့ ပဆုပ်ကျေးရွာတွေမှာ မီးခိုးတွေ ပိတ်နေတာကြောင့် ရွာထဲ မဝင်နိုင်သေးဘဲ အိမ်ဘယ်နှလုံး ပျက်စီးသွားတယ်ဆိုတာ မသိကြရသေးဘူးလို့ မြို့နယ် ပ.က.ဖ အဖွဲ့ဝင်တဦးက DNA နဲ့ အဆက်အသွယ်ရတဲ့ ဒီကနေ့ ညနေပိုင်းမှာပြောပါတယ်။

အလားတူ စစ်တပ်က ဖမ်းခေါ်သွားတဲ့ လက်ပန်းရွာက သံဃာတစ်ပါးနဲ့ ရပ်မိရပ်ဖလေးဦးရဲ့ အခြေအနေကိုလည်း အ သေးစိတ်မသိရသေးပါဘူး။