မြင်သာကညနရုံးရှေ့မှာ အမျိုးသမီးတဦး အုပ်စုဖွဲ့လုယက်ခံရ

သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာကညနရုံးရှေ့မှာ ဒီနေ့ နေ့လည် (၁၂) နာရီခွဲလောက်က အမျိုးသမီးတ ဦးဝတ်ဆင်လာတဲ့ လက်စွပ်ကို အုပ်စုဖွဲ့လုယက်မှုဖြစ်သွားတယ်လို့ အဲဒီအနီးနား နေထိုင်သူတွေဆီ က သိရပါတယ်။
လုယက်ခံရသူဟာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အမျိုးသားနှစ်ဦးက နှစ်ဖက်ချုပ်ပြီး လက်ထဲကလက်စွပ်ကို ချွတ်ယူကာ အသင့်စောင့်နေတဲ့ တခြားအမျိုးသားနှစ်ဦးစီ လက်ဆင့်ကမ်းပေးပြီး ထွက်ပြေးသွားကြတယ်လို့ မျက်မြင်တွေ့ခဲ့သူတဦးကပြောပါတယ်။
“လူနှစ်ယောက်အဲဒီအမျိုးသမီးနားကပ်ပြီးလက်စွပ်ကရွှေအစစ်လာလို့မေးတယ်၊ကာယကံရှင်အမျိုး သမီးကဟုတ်တယ်ပြောတော့လက်ကိုအတင်းဆွဲပြီးချွတ်ယူပြေးသွားတာ”လို့ သူကပြောပါတယ်။
လုယက်ခံရတဲ့အမျိုးသမီးကပတ်ဝန်းကျင်ကိုအကူညီတောင်းပြီး လိုက်လံဖမ်းဆီးဖို့ကြိုးစားပေမယ့် လုယက်သူတွေကိုဖမ်းမမိဘဲလွတ်သွားတယ်လို့ သိရပါတယ်။
“နှစ်ယောက်ကစက်ဘီးနဲ့ပြေးတယ်၊နောက်နှစ်ယောက်ကရတနာလမ်းဘက်ကိုခြေလျင်ပြေးတာ၊ကားတွေကပိတ်နေတော့ လိုက်မမီလိုက်ဘူး၊အဲဒီနားမှာ မကြာခဏလုယက်မူတွေရှိနေတယ်”လို့ ကားလိုင်စင်ပွဲစားတစ်ဦးကပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊မြင်သာ(၉)လမ်းမှာလည်းမနေ့က ညခြောက်နာရီခွဲလောက်က ရေခဲမုန့်ရောင်း သူတစ်ဦးကို အမျိုးသားသုံးဦးကဓါးထောက်ပြီး ပိုက်ဆံနဲ့ဖုန်းလုယက်မှုဖြစ်ခဲ့တယ်လို့ အဲဒီလမ်းအ တွင်းနေထိုင်သူတချို့ဆီကသိရပါတယ်။
ရေခဲမုန့်ရောင်းရငွေကျပ်ခြောက်သောင်းလောက်နဲ့ဖုန်းပါသွားပြီး ရုန်းရင်းဆန်ခက်ဖြစ်လို့ ဓါးနဲ့ခြစ်မိ တာကြောင့်  လုယက်ခံရသူမှာဒါဏ်ရာအနည်းအကျဉ်းရခဲ့တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင်း နေရာ စုံမှာအချိန်မရွေးလုယက်မှုတွေမကြာမကြာဖြစ်နေလို့ ပြည်သူတွေအကြားစိုးရိမ်မှုတွေ ရှိနေပြီး လူမှုကွန်ရက်တဆင့် လုယက်ခံ ရတဲ့အတွေ့ အကြုံ တွေမျှဝေတာ၊ လုံခြုံရေးသတိပေးတာတွေလည်း ရှိနေပါတယ်။