ရန်ကုန် YBS ဘတ်စ်ကားပေါ်က ​လုယက်မှုတွေ​ကြောင့် ခရီးသွားတွေစိုးရိမ်နေရ

ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေပေါ်မှာ လုယက်၊ ဓါးပြတိုက်မူတွေဆက်တိုက်ဖြစ်နေတာကြောင့် မလုံခြုံမှုနဲ့အတူ စိုးရိမ်မူတွေ မြင့်တက်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

YBS(၂၂)ကားပေါ်မှာ နိုဝင်ဘာ (၅)ရက်က ခရီး သည်တွေဓါးပြတိုက်ခံရတဲ့ဖြစ်ရပ်အပါအဝင် တစ် လအတွင်းဘတ်စ်ပေါ်လုယက်ခံရတဲ့ဖြစ်ရပ် ငါးကြိ မ်ထက်မနည်းရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီလိုလုယက်မှုတွေများလာတာကြောင့် ဘတ်စ် ကားစီးရင် အထိတ်တလန့်ဖြစ်နေရတယ်လို့ ရန် ကုန်မြို့ကကုမ္ပဏီဝန်ထမ်းတစ်ဦးကဆိုပါတယ်။

“ကားပေါ်မှာဖုန်းလည်းထုတ်မသုံးရဲဘူး၊ပိုက်ဆံကိုလည်းအပိုသယ်မသွားရဲဘူး၊သွားရ၊လ ာရတာကိုမလုံခြုံဘူး”လို့ သူကပြောပါတယ်။
လုယက်သူတွေဟာ အုပ်စုလိုက်ကျူးလွန်ကြတာဖြစ်ပြီး ဓါးနဲ့ တခြားလက်နက်တွေလည်းပါတာ ကြောင့်ပစ္စည်းဆုံးရှုံးမှာအပြင် အသက်အန္တရာယ် ပါစိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ခရီးသွား တွေကဆိုပါတယ်။

“အောက်တိုဘာလကုန်ပိုင်းက (၄၂)ကားပေါ်ကခရီး သည်တစ်ယောက်ဆီက ပိုက်ဆံနဲ့ဖုန်းပါလုပြီး ခေါင်းပါရိုက်ခွဲသွားတယ်၊အဲဒါမြင်ပြီးအပြင်တောင်သိပ်မထွက်ရဲတော့ဘူး”လို့ မြောက်ဥက္ကလာပမြို့ နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီလိုဘတ်စ်ကားတွေပေါ်ကပြောင်ပြောင်တင်းတင်း လုယက်မှုတွေကြောင့် YBS ယာဥ်လိုင်းတွေ အ ပေါ် ဝေဖန်တာတွေလည်းရှိပေမယ့် လုယက်သူ တွေဟာ ရန်ညိုးနဲ့ပြန်ရန်ပြုတတ်တာကြောင့် လွန် ဆန်ဖို့ခက်တယ်လို့ ယာဥ်မောင်းတချို့က ဆိုပါတယ်။

အဲဒီလိုဘတ်စ်ကားပေါ်လုယက်မူတွေဆက်တိုက်ဖြစ်နေပေမယ့် ဖော်ထုတ်ဖမ်းဆီးတာမတွေ့ရဘူးလို့ လည်း ပြောပါတယ်။

လုယက်မှုတွေကို ဆင်ခြေဖုံး မြို့နယ်တွေဆီ ပြေးဆွဲနေတဲ့ဘတ်စ်ကားလိုင်းတွေမှာအများဆုံးလုပ်နေတာလို့လည်း ခရီးသွားတွေဆီကသိရပါတယ်။

လက်ရှိရန်ကုန်မြို့မှာ YBSဘတ်စ်ကားစီးရေ (၃၀၀၀) ကျော်နေ့စဥ်ပြေးဆွဲနေပြီး ခရီးသည်ဦးရေ ၁ဒသမ၃လောက်စီးနင်းအသုံးပြုနေတယ်လို့ မှတ် တမ်းတွေအရသိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်နေအိမ်ထဲလုယက်သတ်ဖြတ်ခံရတာ၊လမ်းသွားရင်းလုယက်ခံရတာတွေအပြင်၊ဘတ်စ်ကားတွေပေါ်ကလုယက်မှုတွေလည်းများပြားလာပေမယ့် စစ်ကောင်စီက ထိထိရောက် ရောက်အရေးမယူနိုင်တာမရှိဘူးလို့ ဝေဖန်ကြတာတွေလည်းရှိပါတယ်။