မြန်မာစစ်အာဏာရှင်တွေအပေါ် ဖိအား ပိုပေးသင့်နေပြီဖြစ်တဲ့ ဂျပန်

တိုကျိုမှာရှိတဲ့ အာဏာပိုင် ပုဂ္ဂိုလ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေသူတွေနဲ့ ဆက်ဆံရေးအပေါ် ပြန်လည်ဆင်ခြင် သုံးသပ်ရမယ့်အချိန်ရောက် လာပါပြီ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်(AA) တို့ကြား တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်လာပြီး ၂ လလောက်အကြာ၊ စက်တင်ဘာ၁၆ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှုထောက်ပံ့ရေးဆိုင်ရာ အဖွဲ့ အစည်းတွေကို ရခိုင်မှာရှိတဲ့ မြို့နယ် ၆ ခုဆီ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်ပါတယ်။ တကယ်တော့ အဲဒီ မြို့နယ်တွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတာပါ။

နောက်နှစ်ပတ်ကြာတော့ ရန်ကုန်က ဆေးဝါးတွေ ရခိုင်ကို တင်ပို့မှုကိုပါစစ်ဗိုလ်ချုပ်တွေက ကန့်သတ် တားမြစ်လိုက်ပြီး တစ်ချိန်တည်းဆိုသလို ဆရာဝန်နှစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပြန်ပါ တယ်။AAက ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုနေတဲ့ လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်ပြီး အင်အား ၃၀၀၀၀ လောက် စုစည်းထားပြီလို့ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုရည်ရွယ်ချက် ရှိရှိ ပိတ်ဆို့လိုက်ခြင်းက စစ်ကောင်စီရဲ့ လက်ဆွဲ မဟာဗျူဟာဖြစ်တဲ့ဖြတ်လေးဖြတ်ကို အကောင် အထည်ဖော်လိုက်တဲ့ သဘောပါပဲ။ ဖြတ်လေးဖြတ်ရဲ့ရည်မှန်းချက်က AAလိုမျိုး တော်လှန်ရေး အင်အားစုတွေကို ရိက္ခာ၊ ရန်ပုံငွေ၊သတင်းအချက်အလက်နဲ့ လူသစ် စုဆောင်းမှုတွေကနေ ဖြတ် တောက်ထားဖို့ ဖြစ်ပါတယ်။ပြည်သူလူထုက ဘယ်လိုဘယ်ပုံ ထိခိုက်နစ်နာသွားမလဲ ဆိုတာတွေကို မြန်မာစစ်တပ်ကစိတ်မဝင်စားပါဘူး။ ဖြတ်လေးဖြတ်ဟာ ဒေသခံ ပြည်သူလူထုတွေအပေါ်မှာလည်းရန်လိုတိုက်ခိုက်တဲ့ ဝါဒမျိုးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ စစ်တပ်က ရွာတွေကိုမီးရှို့တာ၊ ဒေသခံအမျိုးသမီးတွေကို မုဒိမ်းကျင့်တာ၊ အရပ်သားတွေကို သတ်ဖြတ်တာမျိုးလုပ်ရပ်တွေကို နိုင်ငံ အနှံ့မှာ ကျူးလွန်ပြခဲ့ပြီးပါပြီ။အောက်တိုဘာလမှာတော့ ကုလသမဂ္ဂက ရခိုင်မှာ ဖြစ်နေတဲ့ အကျပ်အတည်းတွေနဲ့ပတ်သက် လို့ အထူးတလည် စိတ်ပူကြောင်း ကြေညာခဲ့ပြီး ရိုဟင်ဂျာတွေ အပါအဝင် လူပေါင်း၁၇၄၀၀ လောက် ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။ အခုဆိုရင် ရခိုင်မှာပဋိပက္ခတွေကြောင့် ပြည်တွင်းမှာတင် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၇၆၀၀၀ ကျော် တိုးလာပြီး၂၀၁၈ နဲ့ ၂၀၂၀ ပြည့်နှစ် ကြားက ထွက်ပြေး တိမ်းရှောင်ခဲ့သူ ၂၃၀၀၀၀ ကျော်ဟာလည်း အခုထိနေရပ် မပြန်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်ရဲ့ လျင်လျင်မြန်မြန် ယိုယွင်းကျဆင်းလာမှုတွေရယ်၊ပဋိပက္ခနယ်မြေတွေမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့လို့ မရအောင်စစ်ကောင်စီက တားမြစ်ထားတာတွေ ရယ်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ဖို့က ဂျပန်လို  ဒီမိုကရေစီ ထွန်းကားရာ နိုင်ငံကြီးတွေမှာ ဝတ္တရား ရှိပါတယ်။ဂျပန်ဟာ စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို ပြန်လည် ဆင်ခြင် သုံးသပ်ဖို့ လိုအပ်နေပြီးမြန်မာနိုင်ငံ အနှံ့က နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေချောချောမွေ့မွေ့ ပို့ဆောင်နိုင်အောင် ပိုမို အားထည့် ကြိုးပမ်းသင့်နေပါပြီ။

ဂျပန်ရဲ့ ချဉ်းကပ်မှု မူဝါဒများ

မနှစ်တုန်းက ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီးစစ်တပ်က အာဏာမသိမ်းခင် ကတည်းက ဂျပန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင်စစ်ဗိုလ်ချုပ်တွေနဲ့ အနောက် နိုင်ငံတွေကြား ပေါင်းကူးပေးသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူသတ်မှတ်ထားပါတယ်။ မြန်မာစစ်တပ် က ထောက်ခံတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့်လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပြည်တွင်းကို ပေးပို့ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာလည်း စစ်ဗိုလ်ချုပ်တွေအတွက်ကာကွယ်ထောက်ပံ့ခဲ့တယ်။ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ လူမဆန်မှုတွေနဲ့ ပတ် သက်လို့မြန်မာစစ်တပ်က အတုအယောင် နိုင်ငံတကာ ခုံအဖွဲ့တစ်ခုကို အားကိုးပြီး ကာကွယ် ဖြေရှင်းရာမှာ ဂျပန်က အားပေးကူညီခဲ့တယ်။ တိုကျို အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာမြန်မာစစ်တပ်ရဲ့ သင်တန်းသားတွေကို တက်ရောက်ခွင့်ပေးခဲ့တယ်။ ဒီလို မက်လုံးပေးမှုအားလုံးအတွက် အပေးအယူ ကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သံတမန်ရေးရာထိတွေ့ဆက်ဆံမှု မြင့်မြင့်မားမား ရရှိထားနိုင်ရေးပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ မူဝါဒအရ ဂျပန် အစိုးရဟာ အာဏာသိမ်းမှု အပြီးမှာတောင်မှမြန်မာစစ်တပ်အပေါ် အားပေး ထောက်ခံနေမှုကို လုံးဝ မစွန့်လွှတ်စတမ်းဆုပ်ကိုင်ထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒါ ဆူဂါရဲ့ လက်ထက်တုန်းကမြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အပေါ်အလေးအနက် စိုးရိမ် ပူပန်မိပါတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း သူ့အစိုးရဟာအဲဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဗိုလ်ချုပ်တွေ လမ်းကြောင်းပြောင်းသွားအောင်ဘာဖိအားမှ ရေရေရာရာ မပေးခဲ့ဘူး။ မြန်မာနိုင်ငံအတွက် လျာထားတဲ့ နိုင်ငံခြား ဖွံ့ဖြိုးရေးအထောက် အပံ့ ရန်ပုံငွေတွေ ဆိုင်းငံ့လိုက်တာကလွဲရင် ဘယ်လို အရေးတယူ ဆောင်ရွက်မှုမျိုးမှမရှိခဲ့ပါဘူး။

အဲဒီနောက် လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ အစိုးရလက်ထက်မှာလည်းမြန်မာ့အရေးနဲ့ ပတ်သက်လို့ ဂျပန်ရဲ့ ချဉ်းကပ်ပုံဟာ အခုထိတော့ မပြောင်းမလဲတစ်သမတ်တည်း ဆက်ရှိနေဆဲ ဖြစ် ပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီကသေဒဏ် စီရင်လိုက်တဲ့ အချိန်မှာတော့ ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒတချို့ကို အံ့ဩ စရာ အတိုင်းအတာမျိုးလောက် စတင် ချိန်ညှိလာပါတယ်။အဲဒီကနေတစ်ဆင့် နောက်ဆက်တွဲ အရေး ယူဆောင်ရွက်မှုတွေ ဖြစ်လာနိုင်ခြေ အလားအလာတချို့ကိုလည်း တွေ့မြင်နေရပါပြီ။

နောက်ပြီး မကြာသေးခင်က အသက် ၂၆ နှစ်အရွယ် ဂျပန် ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာကို မြန်မာစစ်အာဏာပိုင်တွေက ဖမ်းဆီးထောင်ချလိုက်တဲ့ ဖြစ်စဉ်ကလည်း ဂျပန်အစိုးရအနေနဲ့ ထိထိ ရောက်ရောက် တုံ့ပြန်ဆောင်ရွက်ဖို့ ဖိအားတွေ မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေရဲ့ အဆုံးမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတဲ့ ဘက်မလိုက်ဂျပန်လွှတ်တော်အမတ်တချို့က စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားမြန်မာစစ်တပ် အကြီးအကဲတွေအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့ တိုက်တွန်းတောင်းဆိုလာကြပါတယ်။

သမားရိုးကျ စဉ်းစားကြည့်မယ် ဆိုရင်တောင် စစ်ကောင်စီအပေါ် ဂျပန်ကဝက်အူကျပ်လိုက် မယ်ဆိုရင် မြန်မာဟာ ဂျပန်ရဲ့ မဟာဗျူဟာ ပတ်လမ်းကနေလွတ်ထွက်သွားပြီး တရုတ်နဲ့ ရုရှားရဲ့ လက် အောက်ကို ပိုပြီး တွန်းပို့သလို ဖြစ်သွားမယ်ဆိုတဲ့ဆန့်ကျင်ဘက် ရှုထောင့်က အမြင်တွေကလည်း မှန်ကန်နေပြန်ပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျပ်အတည်းများမြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဆက် တိုက် ယိုယွင်း ယိမ်းယိုင်လာနေသလို နေရာအနှံ့မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တွေရဲ့ထိန်းချုပ်နယ်မြေတွေကလည်း ပိုမို ကျယ်ဝန်းလာနေပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်ဗိုလ်ချုပ်တွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ ရုရှားနဲ့ တရုတ်တို့ကို သာ မျက်စိစုံမှိတ်မှီခိုနေရတဲ့ အခြေအနေကို တွန်းလှန်ဖို့အတွက် နိုင်ငံတကာ မိတ်ဖက်သစ်တွေကိုသွေးရူးသွေးတမ်း အလိုရှိနေပါတယ်။ ဒီအခြေအနေက ဂျပန်အတွက်လည်း ဟန်ချက်ညီတဲ့အခွင့် အလမ်းတွေ ရရှိလာစေပါတယ်။

တကယ်တော့ မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အရင် အရပ်သားအစိုးရနဲ့ ဆက်ဆံရေး လမ်းသစ်ဖွင့်ခဲ့တဲ့ ကိစ္စတွေ၊ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ အစဉ်တစိုက် ချိတ်ဆက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရကို အယုံအကြည်မရှိကြပါဘူး။

ဒါကြောင့်လည်း ဂျပန်နဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရေးဟာ စစ်ကောင်စီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒါကို အသုံးချပြီးသူတို့ရဲ့ ရပ်တည်မှုဟာ မြန်မာစစ်တပ်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲပစ်နိုင်တဲ့အလားအလာမျိုး ရှိနေတယ် ဆိုတာကို ဂျပန် အစိုးရ အနေနဲ့ သတိပြုမိဖို့ လိုပါတယ်။အရှိတရားတွေကို လက်ခံပြီးချိန်မှာ ဝန်ကြီးချုပ် ကီရှီဒါရဲ့ အစိုးရဟာ မြန်မာ စစ်တပ်ကရခိုင် မှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ လမ်းကြောင်းတွေ ပိတ်ဆို့ထားတာ၊အရပ်ဘက် ပြေး ဆွဲဖို့ ရည်ရွယ်ပြီး ဂျပန်က လှူဒါန်းထားတဲ့ ရေယာဉ်တွေကို စစ်တပ်ကစစ်ဆင်ရေးတွေမှာ အသုံးပြုနေ တာတွေကို ပြတ်ပြတ်သားသား ရှုတ်ချရပါမယ်။

ဂျပန်အစိုးရ ငွေကြေးထောက်ပံ့ပြီး မြန်မာနိုင်ငံမှာ အရပ်ဘက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အတွက် သုံးစွဲဖို့ လှူဒါန်းထားတဲ့ ရေယာဉ်တွေကို စစ်သား ၁၀၀ ကျော်နဲ့စစ်လက်နက်ပစ္စည်းတွေ တင် ဆောင်ပြီး AAနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာ အတည်ပြု တွေ့ရှိကြောင်း အောက်တိုဘာလမှာလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ထုတ်ပြန် ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဂျပန်ဟာရခိုင်မှာ စစ်ကောင်စီက ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို တစ်ဖက်တစ်လမ်းကအားပေးထောက်ပံ့တဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားပါတော့တယ်။

လှူထားတဲ့ ရေယာဉ်တွေကို စစ်ဆင်ရေးမှာ အသုံးချခဲ့တယ် ဆိုတာကို သတိမမူမိဘူးဆိုအုံး တော့၊ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ဂျပန်က တကယ်တမ်း ထောက်ပံ့နေမယ်ဆိုရင်လည်း ဒီကိစ္စက သိပ်အထူးမဆန်း မဟုတ်လောက်တော့ပါဘူး။ ပဋိပက္ခကာလတစ်လျှောက် မြန်မာစစ် ကောင်စီအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံရပ်တည်ပေးမှုတွေက မြန်မာနဲ့ပတ်သက်လို့ ဂျပန်ရဲ့ နိုင်ငံခြားရေးမူဝါဒ တစ်ခုလုံးကိုထင်ဟပ်စေပါတယ်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) အပါအဝင် ဂျပန်ရဲ့ထောက်ပံ့ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လက်တွဲဖော် အသင်းအဖွဲ့တွေကလည်းရခိုင်အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAO)တွေလှုပ်ရှားနေရာ ပဋိပက္ခ နယ်မြေတွေကိုလည်း ထောက်ပံ့ရေးလမ်းကြောင်းတွေ ချဲ့ထွင်ကူညီပေးသင့်နေပါပြီ။ ဒေသအလိုက် EAOကဟာ အဲဒီ လုပ်ငန်းတာဝန်တွေကိုဆယ်စုနှစ်တွေနဲ့ချီ ထမ်းဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ စစ်ကောင်စီ တစ်ခုတည်းကိုပဲ ဦးတည်ပြီး ထိတွေ့ဆက်ဆံနေတဲ့ မူဝါဒကနေ ဖယ်ခွာပြီး ဂျပန်ဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့လည်းဆွေးနွေးမှုတွေ အစပြုသင့်နေပါပြီ။ နောက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေ ကျောထောက်နောက်ခံပေးထားပြီး မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အရှိန်ကောင်းကောင်း ဆက်လက်လည်ပတ်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုရော၊မြန်မာစစ်ကောင်စီ အကြီးအကဲတွေကိုပါ အရေး ယူ ပိတ်ဆို့မှုတွေ ကျင့်သုံးရပါမယ်။မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဒီကိစ္စတွေအပေါ်မှာ အများကြီး မူတည်နေပြီ ဖြစ်ပါတယ်။

နွေဦးပွင့်သစ်အယ်ဒီတာ

(Japan Timesတွင် SAM BARON နှင့် KYAW HSAN HLAINGတို့ ရေးသားထားသည့် Japan needs to ratchet up pressure on Myanmar junta ဆောင်းပါးကို ဘာသာပြန်ဆိုသည်)