စစ်အဘိဓမ္မာဆရာကြီး ဆွန်ဇူးက မိမိအကြောင်းသာ သိပြီး၊ ရန်သူ့အကြောင်းမသိလျှင်၅၀ ရာခိုင်နှုန်းစစ်ရှုံးဖို့ သေချာနေပြီ။ ရန်သူ့အကြောင်းသာ သိပြီး မိမိအကြောင်းမသိလျှင်လည်း၅၀ ရာခိုင် နှုန်း စစ်ရှုံးဖို့ သေချာနေပြီ။ မိမိအကြောင်းရော၊ ရန်သူ့အကြောင်းရော မသိလျှင်တော့စစ်မတိုက်ခင် ကတည်းက ၁၀၀ ရာခိုင်နှုန်းရှုံးဖို့ သေချာနေပြီဟု သွန်သင်ခဲ့သည်။မိမိအကြောင်းရော၊ ရန်သူ့ အကြောင်းရော သိမှ စစ်တိုက်ဖို့ မိန့်ဆိုခြင်းဖြစ်မည်။ရန်သူ့အကြောင်း မည်သို့သိနိုင်မည်နည်းဆိုသည်မှာ အချိန်ရှိသ၍ လေ့လာစုံစမ်း၊ထောက်လှမ်း၊ သုသေသနပြုရုံမှ လွဲ၍ မရှိဟု မြင်မိသည်။ မည်သည့်နည်းလမ်းများအသုံးချကျမည်နည်းဆိုသည်က တော့ သက်ဆိုင်ရာ စစ်ရေးသိပ္ပံ၊ ဝိဇ္ဇာပညာရှင်တို့၏ အလုပ်ပင်ဖြစ်သည်။ သတင်းထောက်တစ်ဦး အနေဖြင့် သတင်းမျက်လုံးဖြင့်သာ လေ့လာကြည့်ရှုတတ်၍ လေ့လာကြည့်မိသည်။
ရန်သူ့အကြောင်းကို အတတ်နိုင်ဆုံး သိပြီး၊ မိမိအကြောင်းမိမိသိပြီ ဆိုပါမှစစ်ရေးမဟာဗျူဟာ များ ရေးဆွဲချမှတ်ကြမည်ပင် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းကသမိုင်းတစ်လျှောက် စစ်ခင်းခဲ့ကြ သော ပြင်သစ်နှင့်ဂျာမဏီသည် စစ်ပြင်ဆင်ကြသည်။ပြင်သစ်သည် သမိုင်းတစ်လျှောက် ဂျာမဏီဝင် လေ့ရှိသော စစ်လမ်းကြောင်းများ တွက်ချက်ပြီးမိုင် ၇၀ ရှည်သော မစ်ဂီနော ခံစစ်ကြောင်းကြီး ပြင် ဆင်ထားသည်။ ပြင်သစ်၊ ဂျာမဏီကြားအလွန်ထူထပ်သော အာဒိန်းသစ်တောဧရိယာကို သဘာဝ အကာအကွယ်အဖြစ်သဘောထားကာ အင်အားလျှော့ပေါ့ထားသည်။ ဂျာမဏီက အစဉ်အလာ စစ်ကြောင်းကိုမလိုက်ဘဲ အာဒိန်းသစ်တောအတွင်းမှ လမ်းဖောက်၍ ပန်ဇာတင့်ကားတပ်ဝင်၍ ရမရနှစ် ပေါင်းများစွာ လေ့လာ၍ လျို့ဝှက်စွာ ပြင်ဆင်ထားသည်။ စစ်ပွဲစသည်နှင့်ဂျာမန်ပန်ဇာတင့်ကား တပ်ကြီးသည် အာဒိန်းသစ်တောကိုဖြတ်ကာ ဘရစ်ကလစ်ဆိုသည်လျှပ်တစ်ပြက် ထိုးဖောက်မှုဗျူဟာ ဖြင့် ဝင်တိုက်ရာ ပြင်သစ်များ အငိုက်မိပြီးပြင်သစ်ပြည်အတွင်းပိုင်းထိ ဗိုက်ပေါက်သွားကာ နောက်ဆုံး ဒမ်းကပ်ဆိပ်ကမ်းမှဆုတ်ခွာခဲ့ရတော့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ကြောင်းရှမ်းပြည်သို့ တက်သွားရာတွင်ဂျပန်အရာရှိများ၌ ရှမ်းပြည်နယ်ရှိ မြစ်၊ ချောင်းများ၏ ရာသီအလိုက် ရေအနက်၊အကျယ်အဝန်း၊ ဖြတ်သင့်သည့်နေရာ များ စသဖြင့် လမ်းညွန်စာအုပ်ထဲတွင်အပြည့်အစုံပါနေသည်ကို BIA အရာရှိက အံ့ဩမိကြောင်း ရေး သားထားသည်ကို ဖတ်ရသည်။ရန်သူ့အကြောင်းဆိုရာ၌ ရေမြေ၊ ပထဝီကအစ အသေးစိတ်ကို လေ့ လာကြရပုံပေါ်သည်။ရန်သူ့အကြောင်း၊ မိမိအကြောင်း အချက်အလက်များအပေါ် အခြေခံ၍ မဟာဗျူဟာကြံဆ ချက်၊ မဟာဗျူဟာတွေးခေါ်ခြင်းပြုလုပ်ကြမည်ပင် ဖြစ်သည်။ မဟာဗျူဟာကြံဆချက်၊တွေးခေါ် ချက်မှာ စိတ်ကူးနှင့် ပုံဖော်သည့်၊ စိတ်ပိုင်းဆိုင်ရာ အလုပ်အဆင့်ဖြစ်သည်။ရန်သူ့အကြောင်း၊ မိမိ အကြောင်းများမှ နှစ်ဖက် အားနည်းချက်၊ အားသာချက်၊ပြဿနာများအပေါ် အခြေခံပြီး မဟာဗျူဟာ ရည်မှန်းချက်တွေးတောကြံဆကြခြင်း၊အစမှအဆုံး ဇာတ်လမ်းဇာတ်ကွက် ရုပ်လုံးဖော်တွေးတော စဉ်းစားကြမည် ဖြစ်သည်။
မဟာဗျူဟာ ကြံဆတွေးတောချက်မှတစ်ဆင့် မဟာဗျူဟာချမှတ်ခြင်း၊ အစီအစဉ်များ၊အသေးစိတ်၊ အနုစိတ်များ ရေးဆွဲခြင်းပြုကြမည်ပင် ဖြစ်သည်။ မဟာဗျူဟာစီမံချက်အတည်ပြုပြီး ပါက မဟာဗျူဟာ အကောင်အထည်ဖော်မှုပိုင်းနှင့်ဗျူဟာမြောက်စီမံကွပ်ကဲမှုအပိုင်းသည် လက်တွေ့ ပိုင်းအဖြစ် စတင်အသက်ဝင်လာမည်ဖြစ်သည်။ မဟာဗျူဟာ ကြံဆချက်မှ မဟာဗျူဟာ ရေးဆွဲခြင်း၊ မဟာဗျူဟာ
လက်တွေ့ဖော်ဆောင်ခြင်း၊ စီမံကွပ်ကဲခြင်းသည် ရန်သူ့အကြောင်း၊ မိမိအကြောင်း မည်မျှသိရှိထား၊ ကြေညက်ထားသည့်အပေါ်တွင် တည်မှီအခြေစိုက်ထား၊ ရေးဆွဲထားရသည့်အတွက်ရန်သူ့ အကြောင်း၊ မိမိအကြောင်း ရသလောက် အချက်အလက်အပေါ်တွင်အခြေခံရမည်ကတော့ မဟာ ဗျူဟာဖြစ်စဥ်၏ လုပ်ငန်းသဘော ဖြစ်ပုံရသည်။ရန်သူ့အကြောင်း သာမန်စာရေးသူတစ်ဦးအနေဖြင့် မသိနိုင်သော်လည်း ဂူဂယ်ဖတ်ရှု တီးခေါက်ကြည့်မိသည်။
စကစစစ်တပ်၏ ဖွဲ့စည်းပုံအရ တိုင်းစစ်ဌာနချုပ်၊ တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှု(စကခ)ဒေသ စစ်ဆင်ရေးကွပ်ကဲမှု (ဒစက)နှင့် တပ်မဟာများမှာ ပင်မတိုက်ခိုက်ရေး ခြေလျင်၊ခြေမြန်တပ်ရင်းများ ဖြင့် ဖွဲ့စည်းထားသည်။ တိုင်းစစ်ဌာနချုပ်တစ်ခုတွင် ယေဘုယျခြေမြန်/လျင် တပ်ရင်း ၁၀ ရင်းနှင့် ဗျူဟာသုံးခု ထားရှိသည်။ သို့သော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တပ်ရင်း ၁၉ ရင်းထိကို တွေ့ရသည်။ယေဘုယျအားဖြင့် တိုင်းစစ်ဌာနချုပ်များနှင့်အတူ တပ်မဌာနချုပ်၊ စကခ၊ ဒစက၊ တပ်မဟာများတွဲချထားသည်။ တပ်မမှာ တပ်ရင် ၁၀ ရင်းနှင့် ဗျူဟာ ၃ ခု ပုံမှန်ဖွဲ့ထားသည်။
စကခများ၊ ဒစကများသည်လည်း ၁၀ ရင်း ၃ဗျူဟာပုံစံ ယေဘုယျ ဖွဲ့စည်းထားသည်။တပ်မဟာများ မှာ စကခနှင့်ဒစကကြားပုံစံဖြင့် ဖွဲ့စည်းထားသည်။ အချို့တပ်မဟာများတွင်တပ်ရင်း ၉ ရင်းပြထားရာ အခြေအနေလိုက် ဖွဲ့စည်းထားပုံရသည်။တပ်မခ၊ စကခ၊ တပ်မဟာများမှာ စစ်ဆင်ရေး(ကြည်း)မှ တိုက်ရိုက်ကွပ်ကဲပြီးစစ်နယ်ဝှမ်း ပုံသေမရှိ လှုပ်ရှားတပ်များဖြစ်သည်။ တိုင်းနှင့်ဒစကများမှာအခြေချတပ်များဖြစ်ပြီး အခြေချ စစ်ဗျူဟာ ၂ ခု၊ လှုပ်ရှားစစ်ဗျူဟာ ၁ ခု ဖွဲ့စည်းပုံ ဖြစ်သည်။ယေဘုယျ တိုင်းစစ်ဌာနချုပ်တွင် ခြေလျင်၊ ခြေမြန် ၃ ရင်း တစ်ဗျူဟာနှင့် အင်ယာ၊ ဆေး၊ထောက်ပို့၊ ဆက်သွယ်၊ တိုင်းဗဟိုလေ့ကျင့် စသဖြင့် လက်ရုံးတပ်များစုပုံဝိုင်းရံချထားသည့်သဘော တွေ့ရသည်။
တပ်ရင်းဖွဲ့စည်းပုံမှာ အမေရိကန်စံ ယူထားပြီး အရာရှိ ၃၂ နှင့် အခြား ၈၀၀ ကျော်ဖြင့်သတ်မှတ် ထားပြီး စိတ် ၁၀၊ စု ၃၀၊ ၃ စုတစ်ခွဲ၊ ၃ခွဲနှင့် တပ်ရင်းဌာနချုပ်ခွဲ ၄ ခွဲတစ်ရင်း၊ ဆေးစု၁၊ ထောက်ပို့၊ လက်နက်ကြီးပစ်ကူ စုများ စသဖြင့် တွဲဖက်ထားသည်။ သို့သော် ယခုအခါ အရာရှိ၁၄ နှင့်အခြား အဆင့် ၂၀၀ ကို စံသက်မှတ်ထားရသည်။ တပ်ရင်းများ စစ်ထွက်အင်အားကိုစံအနေဖြင့် ၁၂၅ ယောက် သက်မှက်ထားသည်။ သို့သော် သတင်းများအရတပ်ရင်းစစ်ထွက်အင်အား ၈၀ စံချထားသည်ကိုပင် မပြည့်၍ ဆူပူကြိမ်းမောင်းမှုများကို
ဖတ်နေရသည်။
အညာတွင် စစ်ကြောင်းထိုးရာတွင် လူ ၂၀၀ ပါစစ်ကြောင်းမှာ သုံးရင်းတစ်ဗျူဟာဖြစ်ပုံရသည်။ ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ် အရေအတွက်ကို အကြမ်းဖျင်းခန့်မှန်းရာတွင် တစ်ရင်းလူ ၂၀၀ ဖြင့် တွက်၍မရသည့်သဘော ဖြစ်နေ၍ ကြားချ၍ တစ်ရင်း၁၄၀ နှင့် ပျမ်းမျှတွက်ကြည့်သည်။တိုင်းတပ် ၁၀ ရင်း ပေါင်း ၁၄၀၀တပ်မ ၁၀ ရင်းပေါင်း။ ၁၄၀၀စကခ ၁၀ ရင်းပေါင်း ၁၄၀၀ ဒစခ ၁၀ ရင်း ပေါင်း ၁၄၀၀တပ်မဟာ ကြားချ၍ ၇ ရင်းပေါင်း ၉၈၀ဟု အကြမ်းတွက်ကြည့်သည်။ ကျန်သည့် လက်ရုံးတပ်များ ထည့်မတွက်ထားပေ။
ထိုတွက်ချက်မှုကို မူတည်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တပ် ၃၃ တပ်မ၁၀၁၊ ကလေး ဒစက၊ အမှတ် ၁၀ စကခ များကို တွက်လျှင် ခြေလျင်၊ မြန် ရင်း ၄၀ ရပြီး၊ ၁၄၀ပျမ်းမျှနှင့် ဆိုလျှင် ၅၆၀၀ အကြမ်းဖျင်းရမည် ဖြစ်သည်။ လက်ရုံးတပ်များအားလုံးကိုတစ်ဝက်ချိုးတွက် လျှင် အားလုံး တိုင်းအခြေချ စကစတပ်သားတစ်သောင်း ဝန်းကျင်ဟုတွက်ကြည့်သည်။ သူ၏ စစ် နယ်ဝှမ်းအရ ကလေး ဒစကသည် မင်းကင်းမှစ၍အထက်ပိုင်းတစ်ကြောဟု တွက်ကြည့်သည်။ မင်းကင်းတွင် ကလေးနယ်ခံတပ်များကျဆုံးများသည့်သတင်းအရ ဖြစ်သည်။ ကလေး ဒစက ၁၀ ရင်းမှာ ၁၄၀၀ သာရှိမည်ဖြစ်သည့်အတွက် အခြား တပ်မ၊ စကခ၊ စမဟ များမှ တပ်ကူဝင်ရမည် ဖြစ် သည်။အနောက်မြောက်တိုင်းတစ်ခွင်လုံးသည် တော်လှန်ရေးအရှိန်အဟုန်မြင့်၍ တိုင်းတပ်၊အခြေ စိုက် တပ်မ ၃၃ နှင့် ၁၀၁ တို့သည် စစ်နယ်ဝှမ်းမှ အခြားသို့ထွက်၍ ရမည်မဟုတ်ဟုမြင်ရသည်။ ရွှေဘို နှင့် မန္တလေးဘက်အခြမ်း တပ်မ ၃၃ လက်အောက်ခံများသည်စစ်ကိုင်းကိုဗဟိုပြု၍ ရွှေဘိုလွင်ပြင်နှင့် အထက်ပိုင်းမြောက်ပိုင်းတိုင်း ထိစပ်ကိုနယ်မြေထိမ်းရန်သာ အားထုတ်ရမည် ဖြစ်သည်။ ပခုက္ကူရှိ ၁၀၁ သည်လည်း ပုံတောင်ပုံညာ၊ယမားလွင်ပြင်၊ ချင်းအတက်ကိုသာ မနည်းထိမ်းရမည် ဖြစ်သည်။စကခ ၁၀ သည် ကလေး ဒစကနှင့်ပေါင်း၍ မင်းကင်းအထက်မှစ၍ အာရုံစိုက်မည်ဖြစ်သည်။
ဒစကသည် အခြေချစစ်ဗျူဟာတာဝန် ဖြစ်နိုင်၍ စကခသည် လှုပ်ရှားစစ်ဗျူဟာများဝင်ရမည်ယူဆပြီး ဆွဲထုတ်၍ရပါက စစ်ကိုင်း၊ မကွေး၊ ရွှေဘိုအထက်ဒေသသို့ အကူလိုက်ကောင်း လိုက်နိုင်သည်။ အနောက်မြောက်တိုင်းတစ်ခွင်လုံးကို တိုင်းတပ်၊ တမခ၊ စကခ၊ဒစကရှိ အင်အားဖြင့် မနိုင်သည်မှာ သေချာသည်။ရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်စစ်သားများ၏ ဗီဒီယိုကပ်အရ ရန်ကုန်ဖူးကြီးအခြေစိုက် တပ်မဟာ ၄ မှဖြစ်သည်ဟု သတင်းအရ တပ်မဟာ ၄၊ တပ်မ ၇၇လက်အောက်ခံ များကတော့ စစ်ကိုင်းကို ဝင်နေပုံရသည်။ အနော်ရထာ၊အလောင်းဘုရားစစ်ဆင်ရေးများကို တပ်မ ၇၇ ဝင်သည်ဟု သတင်းထွက်ဖူးသည်အရ ယခုမည်သည့် တမခ၊ စကခ၊ တမဟ များဝင်နေသည်ကို လေ့လာရဦးမည်ဖြစ်သည်။တိုင်းဌာနချုပ်၊ တမခ၊ ဒစက၊ စကခများသည် အထိုင်နယ်မြေများမှ မလှုပ်သာသည်မှာသေ ချာသည်။ အရှေ့ပိုင်းတိုင်း(ရပခ)လက်အောက်ခံ လွိုင်ကော်အခြေစိုက် ဒစကသည်တပ်ရင်း ၁၄ ရင်း နှင့် လက်ရုံးများအားလုံးပေါင်း ၂၀၀၀ ဝန်းကျင်ခန့်ဖြင့် စစ်နယ်ဝှမ်းပင်ရာနှုန်းပြည့် မထိမ်းချုပ်နိုင်သည် မှာ ထင်ရှားသည်။ အဆိုပါ ဒစက အသက်ဆက်ရေးအတွက်၊မကျရေးအတွက် ထောက်ပို့လမ်း ကြောင်းကို ပြည်အင်းမအခြေစိုက် တပ်မ ၆၆ တစ်မလုံးထိုးစစ်ဝင်ရာ တပ်မ ၆၆ တပ်လုံးပျောက် ဖွဲ့စည်းပုံပျက်သည်အထိ ဖြစ်နေသည်ကိုဖတ်နေရသည်။ ကယားပြည်နယ်တော်လှန်ရေးအင်အားစုမှ
တစ်သောင်းခန့်ထိ တိုးပွားလာပြီဟု ထုတ်ပြန်ထားချက်အရ လွိုင်ကော် ဒစက မကျရေးအတွက်တပ်မ ၆၆ တပ်လုံးရင်းနေရသည့်သဘော ဖြစ်သည်။ ရပခအခြေစိုက် တမခ ၅၅(ကလော)ကိုပင် ကယား မတင်နိုင်သည့်သဘော မြင်ရသည်။ ရှမ်းပြည်နယ်ရှိ ရပခနှင့်အခြားစစ်တိုင်းများမှ ဆွဲထုတ်ရန် မဆို ထားနှင့် စစ်မတိုက်ကြရန်ပင် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့်EROs များကို ချော့နေရသည်။အဆိုပါ လွိုင်ကော် ဒစကတစ်ခုအတွက် တပ်မ ၆၆ မှ ဝင်နိုင်လျှင် ၁၀၀၀ ကျော်သာဖြစ်မည် ဖြစ်ပြီး၊ ဒစကနှင့် တမခ နှစ်ခုပေါင်း ၃၀၀၀ ထက်မပိုနိုင်ဟု မြင်ရသည်။
တော်လှန်ရေးအင်အားစုမှ တစ်သောင်းကျော်ရှိရာ နယ်မြေစိုးမိုးရေးပင် မလုပ်နိုင်ဘဲ တပ်ရင်း၊ဌာနချုပ်များကာကွယ်ရေးအတွက် သာ တပ်တွင်းအောင်းဘဝ ဖြစ်မည် ထင်သည်။ဗျူဟာအခြစိုက် စခန်းငယ်လေးများ ပြန်မနုတ်ပါက မကြာမီ အစားခံရတော့မည်ပုံဖြစ်နေသည်။ဖတ်ရှုမိသည်များအရ တိုင်းဗျူဟာ၊ အခြေစိုက်ဗျူဟာ၊ လှုပ်ရှားဗျူဟာနှင့်ပြင်ပနယ်မြေမှလာ သော စစ်ဆင်ရေးတပ်ဗျူဟာ အမှတ်စဉ်၊ နေရာချထားပုံများမှတစ်ဆင့်ရန်သူ့၊ လက်လှုပ်ခြေလှုပ်ကို ခန့်မှန်းတွက်ချက်ရမည်ပုံ ပေါ်သည်။ ယေဘုယျအားဖြင့်မည်သည့်နေရာများသည် မဟာဗျူဟာအရ အရေးကြီးဆုံး ဖြစ်သနည်းဆိုလျှင် တိုင်းဌာနချုပ်၊တပ်မ၊ စကခ၊ ဒစက၊ တပ်မဟာများ အခြေစိုက်ရာ များသည် ဗျူဟာအကျဆုံးဟုယူဆရသည်။ တပ်အင်အား အများဆုံးချထားသော မြောက်ပိုင်းတိုင်း တွင်မြစ်ကြီးနားတိုင်းဌာနချူပ်၊ မိုးကောင်း စကခ၊ ဗန်းမော် စကခ၊ တနိုင်းဒစကများသည်အရေးကြီး ဆုံး ဗျူဟာပွိုင့်များ ဖြစ်ပုံရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်ရော၊ဂျပန်ရောက မိုးကောင်း နှင့် ဗန်းမော် တစ်ခုခုပေါက်လျှင် မြစ်ကြီးနားကို တိုက်ခိုက်ရန်လမ်းပွင့်သွားပြီ။ မြစ်ကြီးနားကိုရဖို့ များ သွားပြီဟု ဖတ်ရသည်။စသဖြင့် စကစ အကြောင်းကို ရနိုင်သမျှ အကျယ်ချဲ့လေ့လာလျှင်စိတ်ဝင်စားဖွယ်ဖြစ်မည်။
ရန်သူ့အကြောင်း၊ တပ်တည်ပုံ၊ ဗျူဟာ ၁၊ ၂၊ ၃ နေရာချထားပုံ၊ တမခများ လှုပ်ရှားရွေ့လျားပုံ၊စကခ များ လှုပ်ရှားပုံ တပ်တည်ဗျူဟာခင်းထားပုံ။ ဒစကများလည်း တပ်တည်ဗျူဟာခင်းပုံ၊တပ်မဟာများ တပ်မများ ရွေ့လျားပုံ ထုတ်နုတ်သုံးစွဲပုံများမှာ သတင်းများ၊ဂူဂယ်စာမျက်နှာများအရ သုတေသန လုပ် နိုင်သလောက် ဗဟုသုတတိုးမည်ဟု မြင်မိသည်။ရန်သူ့အကြောင်းကို အားလုံးဝိုင်းလေ့လာလျှင် အကျိုးရှိမည်ဟု မြင်မိသည်။မိမိအကြောင်းကတော့ ရန်သူမသိလေကောင်းလေပင်ဖြစ်ရာကာကွယ်ရေးဝန်ကြီးမိန့်ခွန်းများ တွင် ပြောကြားလေ့ရှိသော တပ်ရင်ပေါင်း ၃၀၀ ကျော်၊ ပဖက၃၀၀ ကျော်၊ LPDF များဖြင့် EROs များပါပေါင်းလျှင် တိုက်ခိုက်ရေးအင်အား အနိမ့်ဆုံး ၂ သိန်းရှိပြီဟု မှတ်ယူ မိုတီယူရန်သာ ဖြစ်ပါကြောင်း။
စိမ်းမောင်