ပုလဲ ပ.က.ဖ ရုံး စီးနင်းမှုအတွင်း ကျပ်သိန်းလေးထောင်ဝန်းကျင် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်​ရေးရုံး စီးနင်းခံရမှုအတွင်း ငွေသား၊လက်နက်ခဲယမ်း၊ကားတစီးနဲ့ အခြားပစ္စည်း စုစုပေါင်း တန်ဖိုး ကျပ်သိန်းလေးထောင်ဝန်းကျင်ဆုံးရှုံးခဲ့တယ်လို့ ပုလဲတပ်ရင်း(၁)Royal Eagle People Defense Force က ထုတ်ပြန်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးကို စစ်တပ်က လေကြောင်းကစီးနင်းတိုက်ခိုက်မှုအတွင်း ပုလဲမြို့နယ်အတွင်း အခွန်ကောက်ခံရရှိငွေ ကျပ်သိန်း (၁၇၀၀)ဝန်းကျင်ဆုံးရှုံးခဲ့သလို ကားတစ်စီးအပါအဝင်ရုံးသုံးစက်ကိ ရိယာတွေ၊ ခဲယမ်းတွေနဲ့ လက်နက်ထုတ်လုပ်ရေးပစ္စည်းတွေ၊တပ်ဖွဲ့ ယူနီဖောင်းတွေနဲ့ ရိက္ခာတချို့ စုစုပေါင်း တန်ဖိုး ကျပ်သိန်းလေးထောင်ဝန်းကျင်ဆုံးရှုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က အရာရှိတဦးရဲ့ ဇနီးဖမ်းဆီးခံထားရတာကို ပြန်ကယ်တင်တယ်လို့ ဆိုထားတဲ့ အဲ့ဒီလေကြောင်းတိုက်ခိုက်စီးနင်းမှုဟာ အောက်တို ဘာ ၂၅ရက်နေ ၂၇ရက်အထိ သုံးရက်ဆက်တိုက်ရှိခဲ့ပြီး နှစ်ဘက် ထိတွေ့တိုက်ပွဲတချို့လည်းရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတရာလောက်နဲ့ အောက်တိုဘာ (၂၅)ရက်မှာ ပ.က.ဖ ရုံးချုပ်နဲ့ ပုလဲတပ်ရင်း(၁)စခန်းတခုတို့ကို စီးနင်းတိုက်ခိုက်ချိန်မှာပ.က.ဖနဲ့ ပ.အ.ဖ အဖွဲ့ဝင်တွေတိမ်းရှောင်ခဲ့ရပြီး နောက်ထပ် နှရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပုလဲ တပ်ရင်း(၁)ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိပြီး ဒေသကာကွယ်ရေးတပ်တွေဘက်က မစိုးရိမ်ရထိခိုက်ဒဏ်ရာရမှုသာရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၂၅ရက်မှာ ရဟတ်ယာဥ်တွေအပါအဝင် အင်အားအလုံးအရင်းနဲ့ ပုလဲ ပ.က.ဖနဲ့ ပ.အ.ဖ ရုံးကိုစီးနင်းပြီးနောက် မြေပြင် စစ် ကြောင်းထိုးမှုတွေလုပ်ခဲ့တဲ့သုံးရက်ကြာကာလအပြီးမှာPDF ကဖမ်းဆီးထားတဲ့ အချုပ်သား ဆယ်ဦး၊ခရီးထွက်လာတဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး၊ ပြည်သုံးဦး၊စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနဲ့ ၈တန်းကျောင်းသား ဆယ်ကျော်သက် တဦး စုစုပေါင်း (၁၇)ဦးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန် ရေး အင်အားစုတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။