မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြရည်နန္ဒာအိမ်ရာ တိုက်တန်းထဲက တိုက်တခုရဲ့ သုံးလွှာကနေ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတဦး ခုန်ချသေဆုံးမှု ဒီကနေ့အောက်တိုဘာ (၂၆)ရက်၊မနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ မြရည် နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
တိုက်ပေါ်က ခုန်ချခဲ့တဲ့အမျိုးသမီးကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က အရေးပေါ်လူနာ တင်ယာဥ်နဲ့ မန္တ လေးဆေးရုံကြီးဆီကို ပို့ဆောင်ကုသဖို့ကြိုးစားခဲ့ပေမယ့် လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
“မန္တလေးဆေးရုံကြီးရောက်ကာနီးမှ ဆုံးသွားတာပါ၊ဆေးရုံကြီးကသေချာအောင်လို့ ECGဆွဲပေးလိုက် ပါတယ်၊ ဒါပေမယ့်အသက်ကမရှင်တော့ဘူး၊အဲ့ဒါနဲ့ရင်ခွဲရုံကို ပို့ပေးလိုက်ပါတယ်”လို့ မြရည်နန္ဒာလူမှု ကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
တိုက်ပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့အမျိုးသမီးဟာ အသက် ၂၇နှစ်အရွယ်ရှိပြီး အခုလိုလုပ်ဆောင်ခဲ့တာဟာ ငွေ ကြေးနဲ့အလုပ်ဖိအားတွေကြောင့်ဖြစ်တယ်လို့သိရကြောင်း သူကပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း လူထုအကြား အကျပ်အတည်းမျိုးစုံကြီးထွားလာချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံစည်မှုတွေ မကြာမကြာ ပေါ်ပေါက်နေတာကြောင့် ဒီဖြစ်စဉ်တွေဟာ မြန်မာ့ လူမှုအသိုက်အဝန်းကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစရာ ကိစ္စတခုဖြစ်လာပါတယ်။
အခုသီတင်းပတ်အတွင်းမှာပဲ ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည်မှု နှစ်ခုဖြစ်ခဲ့ပါသေးတယ်။
ကမာကြည်တံတား အမှတ်(၂)ပေါ်ကနေ အသက်နှစ်ဆယ် အမျိုးသမီးတဦးခုန်ချသေဆုံး မှု အောက်တိုဘာ (၂၄) ရက်ကဖြစ်ခဲ့သလို သာကေတမြို့နယ်အတွင်း အထပ်မြင့်တိုက်တခုမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ (၁၉)ရက်ကဖြစ်ခဲ့ပါတယ်။
ကမာကြည်တံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲ ခုန်ချသေဆုံးခဲ့တဲ့ အသက်နှစ်ဆယ် အမျိုးသမီးရဲ့ ရုပ်အ လောင်း ကို ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ တံတားနဲ့ ကိုက်(၅၀၀)လောက်အကွာမှာ ပြန်တွေ့လို့ ပရဟိတအဖွဲ့တွေက ဆယ် ယူခဲ့ရတာပါ။
ဒီလို ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ဖြစ်စဉ်တွေ များပြားလာတာကြောင့် စိတ်ဖိအားတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿ နာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လို့ရတဲ့ အဖွဲ့အစည်းတွေကို ဖေ့စ် ဘွတ်ခ် လူမှုကွန်ရက်ကတဆင့် ဆက် သွယ်နိုင်တဲ့အကြောင်း လူမှုကွန်ရက်သုံးစွဲသူတွေကြားမျှဝေမှုတွေလည်းရှိနေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးတိုင်ပင်ဖွင့်ချ နိုင်ဖို့ အတွက် အပတ်စဉ် အလုပ်ရုံဆွေးနွေးပွဲတွေ ပြု လုပ်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ကိုလည်း လူမှုကွန် ရက်မှာ အလွယ်တကူရှာဖွေ ဆက်သွယ် နိုင်ပါတယ်။