စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လွိုင်​ကော်မြို့ ဝါရီကောခူကျေးရွာကမိသားစုဝင်သုံးဦးဒဏ်ရာရ

Photo- CJ
ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့တဝိုက်ကို စစ် ကောင်စီက ဒီကနေ့ အောက်တိုဘာ (၂၆)ရက်မ နက်ပိုင်းက လက်နက်ကြီးတွေ နဲ့ပစ်ခတ် ခဲ့ တာကြောင့် နယ်နိမိတ်ထိစပ်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ဝါရီ ကောခူကျေးရွာက ဒေသခံ သုံးဦး ဒဏ်ရာ ရ ခဲ့ပြီး တစ်ဦးက စိုးရိမ်ရတဲ့ အခြေ အနေရှိတယ်လို့ ဒေသခံတွေက DNAကိုပြောပါ တယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ တွေဟာ မိသားစုတစုတည်းက ဖြစ်ပြီး ခေါင်းကို ထိခိုက်သွားတဲ့ သားဖြစ်သူက စိုးရိမ်ရတဲ့အခြေအ နေရှိနေတာဖြစ်တယ်လို့သူက ပြောပါတယ်။
ဒါ့အပြင် အမေနဲ့ အဖေဖြစ်သူတွေဟာလည်း ဗိုက်၊ တင်ပါးနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာ တွေရ ခဲ့ကြပြီး လက်ရှိမှာ အဲ့ဒီမိသားစုဝင်သုံးဦးကို လွိုင်ကော်ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ပေးခဲ့တယ်လို့ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းက ဖော်ပြထားပါတယ်။
မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ (၄၂၂) က မိုးဗြဲမြို့ဝန်းကျင်ကို ဒီကနေ့ မနက် လေးနာ ရီ လောက်က လက်နက်ကြီးနှစ်ချက်ပစ်ခတ်ခဲ့သလို မနက်ငါးနာရီဝန်းကျင်မှာလည်း ဒုတိယအ ကြိမ် ထပ်ပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ပထမတကြိမ် ပစ်ခတ်မှုဟာ လူနေကျေးရွာ တွေ ထဲမကျဘဲလမ်းမပေါ်ကျပြီး ပေါက်ကွဲလို့ လူနဲ့အ ဆောက်အုံတွေ မထိခိုက်ခဲ့ပေမယ့် ဒုတိယအ ကြိမ်မှာတော့ ဝါရီကောခူကျေးရွာ ကနေအိမ် တစ်အိမ်အပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာအခုလိုကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်မှုဟာ ရက်ခြား ဆိုသလို ရှိနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် အ စပ် မြို့ဖြစ်တဲ့ မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့လတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်ရှိမှာ တိုက်ပွဲအ ရှိန်လျော့ကျသွားပေမယ့် စစ်ရေးတင်းမာမှုကတော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေအားကောင်းတဲ့ ကရင်နီ(ကယား)ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်နေကြတာဖြစ်ပါတယ်။