ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ (၂၃) ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“အလုံးကြီးတွေပစ်ထုတ်တာ တစ်နာရီလောက်ရှိတယ်၊ လမ်းဟောင်းဘက်ရော အာရှလမ်း မဘက် ရော၊ရွာတွေ ရောပတ်ထုနေတာ” လို့ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလိုလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနဲ့ အဆောက်အအုံနဲ့ ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့ လတ်တ လော မသိရသေးပါဘူး။

ကော့ကရိတ်မြို့မှာ အောက်တိုဘာ (၂၁)ရက်ကဖြစ်ခဲ့တဲ့ မြို့တွင်းတိုက်ပွဲအပြီးမှာ စစ်ကောင် စီတပ် တွေနဲ့ BGF တပ်တွေ မြို့တွင်းမှာ အင်အားအလုံးအရင်းနဲ့ လုံခြုံရေးယူထားသလို အခုလို မြို့နဲ့ အနီး တဝိုက်ဒေသတွေကို ပစ်ခတ်တာတွေလည်း လုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာ (၂၃)ရက်ည သန်းခေါင်ကျော်ကလည်း ကော့ကရိတ်မြို့အနီးက ကောင်းမှု ကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်၊ရဲစခန်းနဲ့ အစိုးရဌာနအဆောက်အအုံတွေရှိရာ မြို့တွင်းနေရာတွေမှာ အပြန်အလှန် ပစ်ခတ် မှုတွေရှိခဲ့တဲ့ အဲ့ဒီတိုက်ပွဲအပြီးမှာ ကော့ကရိတ်မြို့ ခလရ (၉၇) တပ် အနီးအနားက ဒေသခံတွေဟာ ရွှေ့ ပြောင်းနေထိုင်မှုတွေ ရှိ တယ်လို့သိရပါတယ်။

“၉၇အနီးအနား နဲ့ ချောင်းဦးစေတီနဲ့ ချောင်းတောင်နဲ့ကတော့ တစ်ချို့အိမ်တွေပြောင်းနေကြပါတယ်၊ စက်ကွင်း မလွတ်မှာကြောက်လို့၊ ကလေးများတဲ့အိမ် မပြေးနိုင်တဲ့ လူကြီးအိမ်တွေကတော့ ဘားအံဘက်ဆင်းကုန်တယ်” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်ဈေးနားကနေအိမ်တချို့လည်း ဒီကနေ့ မနက်ပိုင်းမှာ ရွှေပြောင်းတာတွေရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဈေးကတော့ မနက်တစ်ပိုင်းဖွင့်တယ်၊ ဆယ်နာရီဆိုရင် အကုန်ပိတ်ပြီးပြန်ကြတယ်” လို့သူကပြောပါတယ်။