ထီးလင်းမြို့နယ်ထဲက အောင်းရွာနဲ့ ရွှေအောင်သာရွာကြားမှာစစ်ကောင်စီစစ်ကြောင်းကို YDF တပ်ခွဲတစ်ခုက အောက်တိုဘာ (၂၃) ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်သားတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး ဒဏ်ရာရသူတွေ လည်းရှိ တယ်လို့ တော်လှန် ရေးအင်အားစုတွေဆီ ကသိရပါတယ်။
” တိုက်ပွဲကြီးမဟုတ်တော့ page ကနေသတင်း မထုတ်ပြန်တော့ဘူး၊သေတဲ့တစ်ယောက်ကိုရော ဒဏ်ရာရတဲ့သူတွေကိုရော သယ်ယူသွားတာကို မြင်လိုက်တဲ့ CNF ကကျွန်တော် တို့ဆီလှမ်းပြောတယ်” လို့ YDF ဗျူဟာမှူးသခင်ဇော်က ပြောပါတယ်။
ထီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့စစ်ကောင် စီတပ်ဟာ သူတို့ရဲ့ရိက္ခာအတွက် စစ်ကြောင်းတ လျှောက်က ကျေးရွာတွေမှာ ခိုးယူနေကြတယ်လို့ ကာကွယ်ရေးတပ်တွေကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ (၂၂) ရက်ကလည်းအောင်းတောင်ရွာ၊အောင်းမြောက်ရွာတွေကဆန်နဲ့ရိက္ခာတွေခိုးယူသွားကြတယ်လို့ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းတလျောက်မှာတွေ့တဲ့ ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ကြောင်းတလျောက် ပြည်သူတွေဟာ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေအနေနဲ့လည်း စစ် ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ဖို့အပြင် ပြည်သူတွေအန္ဒရာယ်ကင်းကင်းရှောင်ရှားနိုင်ဖို့ လိုအပ်တာတွေလုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။