ဗန်းမောက်မြို့က ပြည်သူ့ဆေးရုံ နှစ်ခုကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ အရပ်သားတချို့ သေဆုံးထိခိုက်

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့မှာ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေပူးပေါင်းဖွင့်လှစ်ထားတဲ့ ကိုယ်ထူ ကိုယ်ထ ပြည်သူ့ဆေးရုံးနှစ်ခုကို စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား တချို့ထိခိုက်သေဆုံးခဲ့တယ်လို့ Banmauk Revolution က ပြန်ကြားရေးတာဝန်ခံ ကိုတိုကျိုက DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဗန်းမောက်မြို့နယ် မံယူကြီးကျေးရွာမှာ မနေ့ကလုပ်ခဲ့တဲ့ ပြည်သူ့ဆေးရုံဖွင့်ပွဲကို လေ ကြောင်း က ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီကနေ့ အောက်တိုဘာ (၂၁)ရက် မနက်ပိုင်းမှာလည်း ကြောင်လည်ရွာက ပြည်သူ့ ဆေး ရုံ၊ ဝန်ထမ်း အိမ်ယာနဲ့ ရွာခန်းမတွေကို စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့သိရ ပါ တယ်။
“လေယာဉ် ဗုံးချ ပြီးတဲ့နောက်ပိုင်းမှာ သုံးနေရာစလုံးက ရစရာ မရှိတဲ့အနေအထားပဲဗျ၊ ဆေးရုံဘက်ခြမ်းမှာ ရှိတဲ့ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဝန်ထမ်းအိမ်ယာဘက်က တယောက်သေဆုံးသွားတယ် “ လို့ ဒီကနေ့ကြောင်လည် ရွာတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကိုတိုကျိုကပြောပါတယ်။
ကြောင်လည်ရွာ ခန်းမမှာ Banmauk Revolution တပ်ဖွဲ့ဝင်တွေ ရှိနေချိန်မှာ အချိန်၊နေရာအတိအကျနဲ့ လာ ရောက်ပစ်ခတ်တာ ဖြစ်လို့ ဒလန် သူလျှိုတွေ ကြောင့်ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
“ကျွန်တော်တို့ဘက်က သတင်းကြိုရလို့ စာသင်ကျောင်းမှာ ရှိတဲ့ကလေးတွေရယ်၊ ဆေးရုံမှာရှိတဲ့လူတွေအကုန် လုံးကို ရှောင်ခိုင်းလိုက်နိုင်တယ်” လို့ ကိုတိုကျိုက ပြောပါတယ်၊
မံယူးကြီး ကျေးရွာက ကိုယ်ထူကိုယ်ထ ဆေးရုံးဖွင့်ပွဲကို မနေ့ကလေယာဉ်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာလည်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်အနောက်ခြမ်း နယ်မြေအများစုဟာ လွတ်မြောက်နယ်မြေ နီးပါးဖြစ်နေပြီး ဗန်းမောက် မြို့ ပေါ်နဲ့ နယ်မြေအနည်းစုမှာသာ စစ်ကောင်စီတပ်တွေ စိုးမိုးထားနိုင်တော့တယ်လို့ ကိုတိုကျိုက ဆိုပါတယ်။
ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ဒေသတွေက ပြည်သူတွေအတွက် ကျန်းမာရေးးစောင့်ရှောက်မှုနဲ့ ပညာရေး တွေအတွက် လုပ်ဆောင်နေပေမယ့် လက်ရှိမှာ ဒေသတွင်း ပြည်သူ့ဆေးရုံနှစ်ခုလုံးကို စစ်ကောင်စီက လေ ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“သူတို့ ဆေးရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလားဆိုတာတော့ ကျတော်တို့ အတည်ပြုပေးလို့မရ သေး ဘူး၊ ဘာလို့လဲဆိုတော့ ကျတော်တို့ လည်း အမှန်တစ်ကယ်ဆေးခန်းဖွင့်တာ အဲ့ နှစ်နေရာ ပဲ ရှိသေးတယ်၊ အဲ့ နှစ် နေရာလုံးကို ပစ်တယ်“ လို့ ကိုတိုကျိုက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်တိုင်းအတွင်း စစ်ဆင်ရေးအများစုမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအသုံး ပြုပြီးတိုက်ခိုက်လေ့ရှိသလို ရဟတ်ယာဉ်နဲ့ စစ်ကြောင်းတွေပို့ဆောင်နေရာချတာ၊တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်လေ့ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီမြေပြင်စစ်ကြောင်းတွေကလည်း စစ်ကြောင်းချီတက်ရာ လမ်းတလျှောက် လူနေကျေးရွာ တွေကို မီးရှို့ဖျက်ဆီးတာ၊ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ် ဖြတ် တာတွေ လုပ်ဆောင်နေတာပါ။
မြေပြင်မှာ ဒီလိုလုပ်ဆောင်မှုတွေရှိနေတယ်လို့ ဒေသခံတွေက အခိုင်အမာ ဆိုကြပေမယ့် စစ်ခေါင်းဆောင်တွေ က တော့ စစ်တပ်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊အကြမ်းဖက်သတ်ဖြတ်တာနဲ့
ရွာ မီးရှို့ တာ တွေ လုပ်ဆောင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။