ရွှေတောင်မြို့နယ်က ဆယ့်ရှစ်နှစ်အရွယ် အကသကျောင်းသား ထောင်ဆယ်နှစ် ချမှတ်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်က အကသအဖွဲ့ဝင် ကျောင်းသား ကိုဖုန်းပြည့်ပိုင်ကို ပြည်ခ ရိုင်တရားရုံးက အောက်တိုဘာ (၁၄)ရက်မှာ ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ကိုဖုန်းပြည့်ပိုင်ကို စစ် ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ အမှုတွေအတွက် တရားရုံးက ထောင်ဒဏ် ချ မှတ်လိုက်တာဖြစ်ပါတယ်။
ကိုဖုန်းပြည့်ပိုင်ဟာ ဖမ်းဆီးခံရချိန်မှာ အသက် (၁၇)နှစ်သာရှိသေးပြီး (၁၁)လကြာ အမှုရင်ဆိုင်ပြီးနောက် အ သက် (၁၈)ပြည့်ချိန်မှာ တရားရုံးက စီရင်ချက်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။
ကိုဖုန်းပြည့်ပိုင်ဟာ အခြေခံကျောင်းသားများသမဂ္ဂ(အကသ) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု‌တွေမှာ ပါဝင်ခဲ့ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် KNU တပ်မဟာ(၂)နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေ ကKNU တပ်မဟာ (၂) ထဲ စစ်ကြောင်းထိုးတိုက်ခိုက်လာချိန်မှာ ကိုဖုန်းပြည့်ပိုင်အပါအဝင် ငါးဦးဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေချမှတ်ခံရတာမှာ ကျန်လေးဦးက ထောင်ငါးနှစ်စီချမှတ်ခံခဲ့ရတယ်လို့ သိရပါ တယ်။
“အသက်မပြည့်သေးတဲ့ကလေးကို ထောင်ဒဏ်၁ဆယ်နှစ် ထိချတာကတော့မဖြစ်သင့်ဘူး၊ ကလေးတွေအတွက် ချမှတ်တဲ့ ဥပဒေရှိတယ်၊ခရိုင်ကအမိန့်ချတာဆို တော့တိုင်းကို အယူခံစာဆက်တက်မယ်၊ နိုင်ငံရေးအင်အားစု တွေ ၊အမတ်ဟောင်းတွေ ပါတီတွေစုပြီး မေတ္တာရပ်ခံစာပို့မယ်” လို့ ဒေသခံ နိုင်ငံရေးသမားတဦးကပြောပါတယ်။