ဂန့်ဂေါမှာ PDFတပ်ဖွဲ့ဝင် တစ်ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

ဂန့်ဂေါမြို့နယ်၊ဘော်ပြင်းရွာကြိုးတံတားမှာ မိုင်းဆင်နေချိန် မတော်မတဖြစ်လို့ PDFတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ ရတယ်လို့ ယောဒေသကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်ယောလေးက DNA ကိုပြောပါတယ်။
ဘော်ပြင်းရွာရဲ့တောင်ဘက် ကန်ရွာမှာ စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတာကြောင့် ဘော်ပြင်းရွာကို စစ် ကြောင်းလာရင်ဖောက်ခွဲဖို့ အောက်တိုဘာ (၁၉)ရက်ညပိုင်းက မိုင်းဆင်နေချိန်မှာမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရ တာဖြစ်တယ်လို့သိရပါတယ်။
“ပစ္စည်းတွေအဟောင်းတွေဆိုတော့ မကောင်းတော့ဘူးဗျ၊ receiver တွေကစိတ်မချရဘူး၊ ကျွန်တော့် ရဲဘော် လေး လည်းပါတယ်၊ သုံးယောက်သွားကြတာ၊ပေငါးဆယ်လောက်ထိပြေးခဲင်(ခဲ့)သေးတယ်ပြောတယ်၊ သုံး ယောက်မှာ နောက်ဆုံးကသူကိုထိသွားတယ်” လို့ ဗိုလ်ယောလေးကပြောပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်ဟာ ဂန့်ဂေါမြို့နယ်မွှေ့လယ်ကျေးရွာကဖြစ်ပြီး အသုဘအခမ်းအနားကို မနက်ဖြန်မှာလုပ် ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။
” ကျနော်တို့မိုင်းဆင်တဲ့အခါ လိုက်နာရမယ့်ဟာတွေရှိတယ်ဗျ၊အီလက်ထရောနစ်ပစ္စည်းတွေဘာမှ ယူလို့မရဘူး၊ ဖုန်းတို့၊ စကားပြောစက်တိုပေါ့၊အဲ့ဒါတွေဝင်လာရင်ထကွဲတတ်တယ်၊အဲ့ဒီတော့ စည်းကမ်းတွေ လိုက်နာကြ ဖို့အ ရေးကြီးတယ်” လို့ ဗိုလ်ယောလေးကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းဒေသအနှံ့က လက်နက်ကိုင်တော်လှန်ခုခံတော်လှန်နေတဲ့ တပ်ဖွဲ့တွေထဲ က ကျဆုံးသူတွေထဲမှာ တိုက်ပွဲကြောင့်မဟုတ်ဘဲ လက်နက်ထုတ်လုပ်စမ်းသပ်ရင်း၊မိုင်းဆင်ရင်း မတော်တဆမှု တွေကြောင့် ကျဆုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်တွေလည်း အများအပြားရှိနေပါတယ်။