ကလေးမြို့မြောက်ပိုင်း ကလေး- တမူး လမ်းမကြီးဘေး ၅၅ မိုင်အကျဥ်းစခန်းကနေ ကလေးမြို့ဘက်ကို ကားနှစ်စီးနဲ့အတူ ခြေလျင်စစ်ကြောင်းဖြန့်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ( ၁၇) ရက် မနက် ပိုင်းက ကံလှကျေးရွာအနီးနဲ့ မြလေးတောင်မှာ တိုက် ခိုက်ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ PDF Kalay ကထုတ် ပြန်ပါ တယ်။
” မနက်ခုနစ်နာမထိုးသေးဘူး၊အဲ့ဒီနေ့က ပစ်ခတ်သံ တွေကြားရတာ၊ကံလှအနီးမှာတိုက်ပွဲဖြစ်တာလို့သိရတာ၊ကျွန်တော်ကကလေးမြို့ကိုသွားမလို့၊ ပစ် ခတ်သံတွေရ ပ်သွားပေမယ့် ကျွန်တော်လည်းစိုးရိမ်လို့ မသွားတော့ဘူး” လို့ ကလေးမြို့မြောက်ပိုင်းဒေသခံ တစ်ဦးကပြောပါ တယ်။
စစ်ကောင်စီစစ်ကြောင်းကို ကံလှကျေးရွာမြောက် ဘက် တံတားအနီးမှာ PDF Kalay တပ်တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ်နှစ်ဆယ်ဝန်းကျင်ကြာ မြင့်တယ် လို့ဆိုပါတယ်။
ဒါ့အပြင်နောက်ကလိုက်လာတဲ့ ခြေလျင်စစ်ကြောင်းကို မြလေးတောင်ဘုရားအနီးမှာ ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ PDF Kalay ကထုတ်ပြန်ပါတယ်။
” မိုင်းအတွဲလိုက်ပေါက်ကွဲသံကို ကြားလိုက်ရတယ်၊ ဝေးတော့မြင်တော့မမြင်ရဘူး၊ မိရင်တော့သေကြမှာပ” လို့ နောက်ဒေသခံတစ်ဦးကဆိုပါတယ်။
တိုက်ခိုက်မူကို PDF (Kalay) တပ်ရင်း ၃ ၊ တပ်ရင်း ၈ (Zomi PDF) နဲ့တပ်ရင်း (၁၂)တပ်ဖွဲ့ဝင်တွေကဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ PDF Kalay တပ်ဖွဲ့ဝင်တဦး လက်နက်ကြီးစထိပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။