တပ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို CDF မတူပီက ဖမ်းမိ

ချင်းပြည်နယ်၊မတူပီမြို့အခြေစိုက် ခလရ တပ်ရင်း (၁၄၀)ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝ င်ငါး ဦးကို အခုလ ဒုတိယပတ်အတွင်း ဖမ်းမိခဲ့တယ်လို့ CDF မတူပီ တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားငါးဦးဟာ အခုလ(၈)ရက်မှာ တပ်က စတင်ထွက်ပြေးခဲ့တာဖြစ်ပြီး သုံးရက် အကြာ အောက်တိုဘာ (၁၀)ရက်မှာ CDF မတူပီ ကာကင်း တပ်ဖွဲ့နဲ့တွေ့ပြီး ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က CDM၀င်ချင်လို့ပြေးတာလည်းမဟုတ်ဘူး၊ သူတို့ဘာသာ CDF တွေကိုလည်းရှောင်ပြီး မြေပြန့် ဘက်ကိုသွားချင်တာဖြစ်တယ်”လို့ CDF မတူပီ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
တပ်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် တွေမှာ လက်နက်ခဲယမ်းတွေပါမလာသလို CDM ၀င်လာသူတွေလည်းမဟုတ်တဲ့အတွက် ဘယ်လို ဆက်လုပ်မလဲဆိုတာ CDFမတူပီ ဗဟိုကို သဘော ထားတောင်း ခံသွားဖို့ရှိတယ်လို့သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကို CDF မတူပီ တပ် ရင်း(၁)က ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှု တွေလုပ်နေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး တပ်ကထွက်ပြေးခဲ့ တယ်ဆိုတဲ့ အောက်တိုဘာ(၈)ရက်ကနေ ရက်ပိုင်း အကြာအထိ မတူပီမြို့မှာ ဖုန်းလိုင်းတွေဖြတ် တောက် ခံခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း စစ် ကောင်စီ ခြေလျင်တပ်ရင်း (၁၀၆)က တပ်သား အဆင့် တပ်ဖွဲ့ဝင်သုံးဦးဟာ CDF မတူပီ စစ်ဆေး ရေးဂိတ်ကို အရပ်ဝတ်နဲ့ ဖြတ်သန်းချိန်မှာ ဖမ်းဆီးခံ ခဲ့ရပါသေးတယ်။
အဲ့ဒီ စစ်ကောင်စီတပ်သား သုံးဦးကိုတော့ လက်ပစ် ဗုံးတလုံးနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေကို အာ ဏာသိမ်းကာလအစောပိုင်းကတည်းက အစ ပြုခဲ့တဲ့ ချင်းပြည်နယ်အတွင်း မြို့နယ်တွေမှာ စစ် တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး တော်လှန် ရေးတပ်တွေက နယ်မြေအများအ ပြားစိုး မိုးထားနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။