ကလေးမြို့က ကျောင်းသားလူငယ်တွေ ပါဝင် တဲ့ဟောပြောပွဲသပိတ်

Photo- CJ
ကလေးမြို့သပိတ်အင်အားစုဟာ ကလေးမြို့နယ် ကျောင်းသားလူငယ်တွေနဲ့အတူ”ထကြွတော်လှန် ကျောင်းသား ထုအားမာန်” ခေါင်းစဥ်နဲ့ အောက် တိုဘာ (၁၇) ရက်မနက်ပိုင်းမှာ ဟောပြောပွဲသပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ဒီနေ့နှစ်နေရာလုပ်ဖြစ်တယ်၊ကျောင်းသားလူငယ်တွေကို ဟောပြောတာမျိုး စည်းရုံးရေးဆင်း တာ မျိုးပေါ့၊ ပြီးရင်တော့လမ်းပေါ်ပြန်ထွက်ကြမှာ” လို့ သပိတ်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဟောပြောမှုအပြီးမှာ တက်ရောက်လာတဲ့ကျောင်းသူ ကျောင်းသားတွေနဲ့ပြည်သူတွေဟာ စစ်အာဏာရှင် ဆန့်ကျင် ရေးကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြ ပါတယ်။
ကလေးမြို့ပင်မသပိတ်အင်အားစုဟာအခုရက်ပိုင်းအတွင်းကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ကလေးမြို့ နယ်က ကျောင်းသူကျောင်းသားတွေနဲ့ အတူ အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲသပိတ် တွေကို ဆက်တိုက်ပြု လုပ်နေတာပါ။
ကလေးမြို့ပမင်သပိတ်အင်အားစုဟာ စစ်အာဏာ သိမ်းပြီးကတည်းက စစ်အာဏာရှင်ကို ပုံစံအမျိုး မျိုးနဲ့ ပျက်ရက် မရှိသပိတ်မှောက်ဆန္ဒပြလာတာ ရက်ပေါင်း ( ၆၁၈) ရက်ရှိပြီဖြစ်ပါတယ်။